ကုချင်းဖေက ဒီလိုမေးလာလိမ့်မည်မှန်း ဟယ်ကု ခန့်မှန်းမိပါသည်။ ဟယ်ကု ချောင်းအသာ ဟန့်မိသည်။ "မစ္စတာကုက ဘာတွေများ စပ်စုချင်လို့လဲ"
ကုချင်းဖေက သောက်နေရင်းမှ ဟန်လုပ်ပြုံးပြသည်။
"ပေါ့ပေါ့ပါးပါးပဲ စကားပြော ရအောင်ပါ၊ မင်းနဲ့ စုန့်ကျွီးဟန်က ကျောင်းနေဖက် ဟောင်းတွေဆိုလို့ စပ်စုချင်တာပါ၊ တစ်ယောက်နဲ့တစ်ယောက်သိကြတာ ကြာပြီလား"
"ဆယ်နှစ်ရှိပြီပေါ့"
"သြော် တကယ်ကြီး ကြာလှပြီပဲ"
"ဟုတ်တယ်"
ဆယ်နှစ်။ ဟယ်ကု၏ရင်ထဲ ဝမ်းနည်းစရာခံစားချက်တချို့ တိုးဝင်လာခဲ့သည်။
ဆယ်နှစ်ဟု ကြားလိုက်လျှင် အချိန်တွေ အလွန်ကြာသွားသယောင်ထင်ရသည်။ တကယ်တမ်းတော့ အတိတ်ကို ပြန်ပြောင်းကြည့်ရင်း၊ နောင်အနာဂတ်သို့မျှော်ကြည့်ရင်း ဖြင့် စက္ကန့်များက ကုန်လွန်သွားကြသည်သာ။ အရာအတော်များများက မနေ့ကတစ်နေ့က မှ ဖြစ်ပျက်သွားသလိုထင်ရသည်။ တစ်ခါတစ်ရံတွင် ဟယ်ကု အိပ်နေရင်းမှနိုးလာပြီး ရုတ် တရက် ကိုယ့်ကိုယ်ကိုယ်ဘယ်ရောက်နေသလဲ၊ အသက်ဘယ်လောက်ကြီးပြီလဲ မသိတော့ သလိုခံစားရသည်။ ထိုသို့ ခံစားရလေလေ သူ့ဘဝက တိုတောင်းလှသည်ဟု ထင်လာလေ လေပင်။
"မင်းနဲ့သူ... မင်းတို့နှစ်ယောက်ကို အတူတွဲမြင်ယောင်ကြည့်ဖို့ အတော်ခက်သား၊ မင်းက ကြည့်မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်၊ မင်းကိုကြည့်ရတာ အဲ့လို အသိုင်း အဝိုင်းမျိုးနဲ့ အဆက်အစပ်ရှိမယ် မထင်ရလို့ပါ"
"အဆက်အစပ်မရှိပါဘူး၊ ကျွန်တော်က သူနာမည်မကြီးခင်ကတည်းက သိခဲ့တဲ့သူ မို့ပါ"
"သူက အတန်းဖော်နော်"
"မဟုတ်ဘူး၊ သူက ကျွန်တော့်ထက် နှစ်နှစ်ပိုငယ်ပါတယ်၊ ကျောင်းလှုပ်ရှားမှုတွေ လုပ်ရင်းသိကြတာပါ"
ထိုအဖြစ်အပျက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကြာပြီမှန်း အမှတ်ရသွားသဖြင့် အနည်းငယ်ရှက်နေမိသည်။
"အဲ့ဒီနောက်...မင်းတို့ တွဲဖြစ်..." နှစ်ယောက်သားက အရမ်းကြီး မရင်းနှီးသေး သည့်အလျောက် ကုချင်းဖေက ဒီစကားတွေပြောထွက်ရန် အားတုံ့အားနာ ဖြစ်နေပုံရသည်။
YOU ARE READING
ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )
RomanceTranslator - Mee Han Product Details - Book 1 + Book 2 ( 78 Episodes + 3 Extra ) Myanmar edition copyright © 2022 NEW CHAPTER COMPANY LIMITED All rights reserved.