Part 3

667 51 0
                                    


ဟယ်ကု နည်းနည်းတော့ စိတ်ရှုပ်နေမိသည်။ ခဏလောက် အလုပ်လုပ်ကြည့်လိုက်သေး သော်လည်း စိတ်နှင့်လူနှင့် မကပ်ဖြစ်နေရသည်။ စုန့်ကျွီးဟန် ထွက်သွားသည့်အကြောင်း ကိုသာ တွေးနေမိသည်။ စုန့်ကျွီးဟန်က ထွက်သွားပြီးလျှင် သူ့ကို အချိန်အတော်ကြာ အောင် အဖက်လုပ်တော့မှာမဟုတ်ပေ။ ဟယ်ကုကိုယ်တိုင်ကလည်း ပြဿနာတစ်ခုဖြစ် လာလျှင် ပြေလည်အောင် ဖြေရှင်းတတ်သူမျိုး မဟုတ်ခဲ့။ ဒီလို မဖြေရှင်းဘဲ နေရခြင်းက အောက်ကျို့မခံချင်တာကြောင့်မဟုတ်ဘဲ အမှန်တကယ်ကို ဘယ်လိုဖြေရှင်းရမည် မသိ သောကြောင့်သာဖြစ်သည်။ တစ်ခါက စုန့်ကျွီးဟန် စိတ်ဆိုးပေါက်ကွဲခဲ့စဥ်က ပြန်ပြေလည် စေရန် သူကြိုးစားဖူးသည်။ သို့သော်လည်း သူ့ကြိုးစားမှုက စုန့်ကျွီးဟန်၏ ဒေါသကို ပိုလို့ သာ အခြေအနေဆိုးသွားစေခဲ့လေသည်။

ထိုအကြောင်းတွေးမိသောအခါ သူ ကုမ္ပဏီကို ပြန်သွားရန်သာ ဆုံးဖြတ်လိုက် သည်။ မနေ့က ပင်ပန်းလွန်းသဖြင့် နားရက်တစ်ရက်ယူရန် တွေးထားခဲ့သော်လည်း ယခု တော့ သူ့ကိုယ်သူ အာရုံပြောင်းရန် အလုပ်လုပ်မှဖြစ်တော့မည်။

အပြင်မထွက်မီ ဆိုဖာခုံပေါ်တွင် ဖုန်းတစ်လုံးကို ရုတ်တရက် တွေ့လိုက်မိသည်။ အနားကိုသွား၍ ဖုန်းကိုယူကြည့်သောအခါ စုန့်ကျွီးဟန်၏ဖုန်းဖြစ်နေလေသည်။ စုန့်ကျွီး ဟန် ဆိုသည့်လူသည် ကိစ္စအတော်များများကို အလေးအနက်မထား တတ်သူမျိုးဖြစ်ပြီး၊

ဖုန်း သုံး၊ လေးလုံးကတော့ ပုံမှန်ပျောက်နေကျပင်။

သူ ရှောင်စုန့်ထံ စာတစ်စောင်ပို့လိုက်သည်။

>> ရှောင်စုန့်ရေ ကျွီးဟန်ရဲ့ဖုန်းက ဒီမှာနော်_ ဟယ်ကု <<

ထို့နောက် ဖုန်းကိုယူကာ အပြင်ထွက်လာခဲ့တော့သည်။

ကုမ္ပဏီရောက်သည့်အခါ သူ့ကိုမြင်ပြီး လက်ထောက် ချန်ရှန်းခမျာ အံ့သြသွားရ သည်။ "မစ္စတာဟယ်... နေမကောင်းဖြစ်နေတာ မဟုတ်ဘူးလား"

"ကိစ္စလေးနည်းနည်းရှိတာနဲ့ စိတ်မချလို့လာခဲ့တာ"

"မစ္စတာဟယ် ဒီနေ့ဝတ်စားထားတာ အရမ်းမိုက်နေတယ်နော်" ချန်ရှန်းက သူ့ ကို အပေါ်အောက် အစုန်အဆန် ကြည့်၍ချီးကျူးတော့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now