Part 40

591 49 1
                                    

သူနှင့် စုန့်ကျွီးဟန်ကြားထဲက လေထုက တဖြည်းဖြည်း ပါးလွှာလာသည်ဟု သူခံစားနေရ သည်။ အသက်ရှူများပင် ကျပ်လာတော့သည်။ သူ့ကိုယ်သူ စိတ်ငြိမ်ရန် အတင်းလုပ်ယူကာ မေးလိုက်သည်။ "မင်းက ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

"လူရှာပြီး ခေါ်လာပေးခိုင်းတာလေ၊ သူခိုးကျနေတာပဲ" စုန့်ကျွီးဟန်၏ပုံစံက သိပ် တော့ အခြေအနေမကောင်း။ လူတစ်ကိုယ်လုံး မှုန်မှိုင်းနေပြီး ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲ တော့မည့် တစ်စုံတစ်ရာကို ထည့်မြှုပ်ထားသည့်ပုံ ပေါက်နေသည်။

စုန့်ကျွီးဟန်လို မွေးကတည်းက အရာရာပိုင်ဆိုင်ခဲ့ပြီး အနိုင်ယူခြင်းကိုမှ နှစ်ခြိုက် သူတစ်ယောက်အနေနှင့် ဒီလို အနှောင့်အယှက်များ တစ်ကြိမ်မှ ကြုံဖူးမည် မဟုတ်သည်ကို နားလည်ပေးနိုင်ပါသည်။ ထို့ကြောင့်လည်း ပိုပြီး ဒေါသပုန်ထနေခြင်း ဖြစ်မည်။

သို့ပေမဲ့လည်း ဒီဖြစ်ရပ်ကြီးတစ်ခုလုံးမှာ ဒေါသထွက်ရန် အကြောင်းရင်း အခိုင်အ မာရှိထားသူက မိမိမဟုတ်ဘူးလား။

စုန့်ကျွီးဟန်ကို ရင်ဆိုင်ရမည့်အစား ဟယ်ကု ဒေါသပင်မထွက်မိ။ ဘာမှမတတ်နိုင် တော့ဘဲ အားကိုးရာမဲ့နေသူတစ်ယောက်လိုသာ ရင်ထဲခံစားရသည်။ သူဒေါသ ထပ်ထွက်ပြ လိုက်ရုံနှင့် စုန့်ကျွီးဟန်က သူ့အမှားကို ဝန်ခံလာမှာ မဟုတ်သည့်အတွက် သူ့ဒေါသများသာ အချည်းနှီးဖြစ်သွားရလိမ့်မည်။

စုန့်ကျွီးဟန်က ဟယ်ကု စကားမဆိုသည်ကို တွေ့သွားသောအခါ အနားမှဖြတ်

လျှောက်ပြီး လက်လှမ်းကာ မျက်နှာကို ထိတွေ့လာသည်။

ဟယ်ကုက မျက်နှာကို ဘေးသို့လွှဲဖယ်လိုက်သည်။

"မင်းဒီမှာ ဘာလာလုပ်တာလဲ"

စုန့်ကျွီးဟန်က လေထဲတွင်တန့်သွားသော သူ့လက်ကို သူပြန်ကြည့်သည်။ မျက် နှာ အမူအရာကလည်း ဖျတ်ခနဲ မကျေနပ်ဟန်ဖြစ်သွားတော့သည်။ "ငါက ဒီမှာ ဘာလုပ်ရ မှာလဲ၊ သေချာပေါက် မင်းကိုလာတွေ့တာပေါ့၊ ငါ ထိန်းသိမ်းရေးစခန်းက ထွက်လာပြီးတော့ တခြား ထောင်တစ်ခုကို ရောက်သွားတယ်လေ၊ ငါ့အဖေက ငါ့ကို အိမ်ထဲမှာ ပိတ်ထားခဲ့တာ၊ ဒီနေ့ မင်းကိုလာတွေ့နိုင်ဖို့တောင် ဝန်ချတောင်းပန်တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ အလဲအထပ် လုပ်ခဲ့ရတာပါ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now