Part 35

532 42 3
                                    

စုန့်ကျွီးဟန်၏ သတင်းက ဘယ်သူမှ မတွေးမိလောက်အောင်ကို အရှိန်အဟုန် ပြင်းပြင်း ပျံ့နှံ့ သွားခဲ့သည်။ အင်တာနက်ပေါ်မှ လူတချို့က သူ ယမန်နှစ်ကလည်း လောင်းကစားတွေ အ ကြီးအကျယ်လုပ်ခဲ့ကြောင်း၊ ရိုက်ကွင်းတွင်လည်း ဓာတ်ပုံဆရာကို ရိုက်နှက်ခဲ့ကြောင်း၊ စိုက် ပန်းတွင်လည်း ကိုယ်ကျင့်တရားကို မေးခွန်းထုတ်ရလောက်သည့် ပါတီများကျင်းပခဲ့သေး ကြောင်း သတင်းများ အစဆွဲထုတ်လာကြသည်။ ကြည့်ရသည်မှာ သူ့ဂုဏ်သိက္ခာကို ထိုးနှက် ဖို့ လုံးဝကို အကွက်ကျကျ ကြိုတင်ကြံစည်ထားကြပုံပင်။

အနုပညာလောကထဲမှ လမ်းကြောင်းတွေကို ဟယ်ကု မသိသော်လည်း ဒီလောက ထဲမှာက ကိုယ်အကျိုးအမြတ်ရမည်ဆိုလျှင် အချင်းချင်း ပူးသတ်တာမျိုးတွေ ရှိမှန်းတော့ သူ သိသည်။

အချိန်တစ်ခုအထိ စုန့်ကျွီးဟန်အကြောင်းက သတင်းခေါင်းကြီးပိုင်းများတွင် ဆက် တိုက်ဖော်ပြခံနေရဆဲဖြစ်သည်။အနုပညာအသိုင်းအဝိုင်းအကြောင်း အရေးမစိုက်တတ်သော ဆွန်းချင်ပင် သတင်းစာထဲမှ ထိုသတင်းကိုတွေ့ကာ ပုံထဲတွင်ပါသော ဘေးတစ်ခြမ်းစောင်း မျက်နှာက သူ့သားနှင့်ဆင်နေသည်ကို သတိထားမိသွားလေသည်။ ဆွန်းချင်က ဖုန်းဆက်ပြီး ကို မေးတော့သည်။

ဟယ်ကု ဗြောင်လိမ်လိုက်သည်။ "လူတော်တော်များများ ကျွန်တော့်ကို လာမေး ကြတယ်၊ ဒါပေမဲ့ သူ့ပုံစံက ကျွန်တော်နဲ့ဆင်ရုံပါပဲ"

ဆွန်းချင်က ပြုံး၍ ဆိုသည်။ "ဒါဆိုရင်တော်သေးတာပေါ့၊ အမေကလဲ အဲ့ဒါ အမေ့ သားလို့ မထင်ပါဘူး၊ သားအသံကို နားထောင်ရတာ အားမရှိသလိုဖြစ်နေပါလား"

"ကျွန်တော် အလုပ်ရှုပ်နေလို့ပါ၊ ဒါပေမဲ့ အဆင်ပြေပါတယ်၊ နှစ်ကုန်ပြီးရင်တော့ အားလပ်ရက်ရှည်ယူမှာပါ၊ အမေ့ကျန်းမာရေးရော အခုတလော ဘယ်လိုနေလဲ"

"နေကောင်းပါတယ်၊ ပင်ပန်းလွယ်တတ်လာတာတစ်ခုပဲ၊ဒီနှစ်ပိုင်းတွေမှာ တပည့် တော်တော်များများကို အလေ့အကျင့်လုပ် ပေးထားပြီးပြီဆိုတော့ အလုပ်တွေကို သူတို့ကို ဖြည်းဖြည်းချင်း လက်လွှဲသွားရုံပါပဲ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now