"စုန့်ကျွီးဟန်နဲ့ ဖုန်ကျုန်းက အရင်တုန်းက တွဲခဲ့ဖူးတယ်လေ"
အရင်တုန်းက တွဲခဲ့ဖူးတာ...
ဖုန်ဖန့်၏ စကားလုံးများမှာ တော်ပီဒိုဗုံးအကြီးစားတစ်လုံးနှင့်တူသည်။ ဟယ်ကု နှလုံးသားထဲတွင် ပေါက်ကွဲသွားသည့် ဗုံး။
တွဲတယ်၊ တွဲတယ်ဆိုတာ ဘာကိုခေါ်တာပါလိမ့်၊ သူနားလည်ထားသည့် အဓိပ္ပာယ် ကို ဆိုလိုခြင်းလား။
ဟယ်ကု၏ ဖြူဖျော့သွားသော မျက်နှာကိုကြည့်ကာ ဖုန်ဖန့် လန့်ဖျပ်သွားရသည်။
"ဟေ့ မင်းဘာဖြစ်သွားတာလဲ"
အားပြင်းပြင်းထိုးနှက်ချက်နှင့် ကြုံရသောအခါ လူတစ်ယောက်၏ ပထမဆုံး တုံ့ ပြန်မှုက နာကျင်ခြင်းမဟုတ်၊ မှင်တက်ကြောင်အမ်းသွားခြင်းဖြစ်သည်။
ဟယ်ကုစိတ်ထဲတွင် ဂြိုဟ်သားစကားများကြားလိုက်ရသလို ခံစားနေရသည်။ အ မှန်မဟုတ်လောက်ပါဘူး။ ဒါက အတော်ကြောက်စရာကောင်းတာလေ။ ဖုန်ဖန့်က ဘယ်လို ကြောင့် ဒီလိုစကားတွေပြောထွက်ရတာလဲ။စုန့်ကျွီးဟန်နှင့်ဖုန်ကျုန်းတွဲနေတယ်ဆိုတာက.. ဘယ်လိုများဖြစ်နိုင်ပါ့မလဲ။
နှစ်ယောက်သားက အမြဲတမ်းရန်လိုမုန်းတီးနေကြပြီး အစေးမကပ်ကြပေ။ နှစ်များ စွာအလွန်ကလည်း ကတောက်ကဆတ်တွေဖြစ်ခဲ့ကြ...။
ကတောက်ကဆတ်...
ဟယ်ကု နှလုံးသားထဲရုတ်တရက်အောင့်တက်လာပြီး လူပါယိမ်းယိုင်သွားခဲ့သည်။
ဖုန်ဖန့်၏ မျက်လုံးများက သူ့လက်ကို လိုက်ကြည့်နေသည်။ သူ့ကို အမြန်လာကူ သော်လည်း စိတ်ထဲပဟေဠိဖြစ်နေရသည်။ "ဟယ်ကု ဘာဖြစ်တာလဲ၊ ခင်ဗျားမှာ နှလုံးရောဂါ တော့ မရှိပါဘူးနော်၊ ဟုတ်ရဲ့လား"
ဟယ်ကု သူ့လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်သည်။ အားထည့်လိုက်မိ၍ ဖုန်ဖန့် မျက်နှာရှုံ့မဲ့ကာ မှုန်ကုပ်သွားသည်။ ဟယ်ကုက သူ့ကို မျက်လုံးချင်းဆုံကာ စိုက်ကြည့်သည်။ မျက်ဝန်းက ဗလာကျင်းနေပြီး အသံက တုန်ရီနေသည်။ "ဘယ်တုန်းကလဲ"
"ဘာကို 'ဘယ်တုန်းကလဲ' လဲ" ဖုန်ဖန့်စိတ်ထဲ ဟယ်ကု သတိလစ် လဲကျသွားမှာ လား၊ လူနာတင်ယာဉ်ခေါ်လိုက်သင့်သလားဟုသာ တွေးနေမိသည်။
YOU ARE READING
ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )
RomanceTranslator - Mee Han Product Details - Book 1 + Book 2 ( 78 Episodes + 3 Extra ) Myanmar edition copyright © 2022 NEW CHAPTER COMPANY LIMITED All rights reserved.