Part 10

550 38 0
                                    


ရှန်းတောင်ရှိ စံအိမ်တွင် နှစ်ရက်တာမျှ နေခဲ့ကြသည်။ ထိုအတောအတွင်း စုန့်ကျွီးဟန်၏ ဖခင် စုန့်ဟယ်က ဆူပူဆုံးမရန် ဖုန်းဆက်လာသေးသည်။ ထိုအချိန်တွင် ဟယ်ကုက လသာ ဆောင်တွင် မိမွေးဖမွေးတိုင်း အခြေအနေဖြင့် စုန့်ကျွီးဟန်၏ လိုအင်များကို ဖြည့်ဆည်းပေး နေခဲ့ရသည်။ ဒီလူက သူလုပ်ချင်ရာ လုပ်ရမှ ပျော်မွေ့သူပင်။

စုန့်ကျွီးဟန်က တစ်ဖက်တွင် ဟယ်ကု၏ ခါးကိုကိုင်ထားရင်း ကျန်တစ်ဖက်က သူ့ ဖခင်နှင့် ပျင်းရိစွာ စကားအချေအတင် ပြောလိုက်သေးသည်။ အခန်းထဲမှထွက်လာသော ‌ပေါ့ပေါ့ပါးပါး ဂီတသံတစ်ခုမှလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေသည်ဖြစ်ရာ အ နည်းငယ် လှုပ်ရှားလိုက်ရုံမျှဖြင့် သူတို့ချစ်တင်းနှောနေသည်ကို သိသွားနိုင်သည်။ အခြားရွေး ချယ်စရာလည်းမရှိသဖြင့် ဟယ်ကုခမျာ အသံမထွက်မိစေရန် ဆိုဖာခုံပေါ်တွင် ခေါင်းအုံးကို သာကိုက်ထားရသည်။ စုန့်ကျွီးဟန်အတွက်တော့ ဒါကိုက ပျော်စရာ ကောင်းသလို ခံစားနေ ရတာမို့ ပို၍ပင် အားစိုက်လှုပ်ရှားလိုက်သေးသည်။ ဟယ်ကုခမျာ မျက်လုံးများပါ စိုစွတ်ရဲ တက်လာတော့သည်။ နှာသီးလေးကလည်း နီရဲနေသေးသည်။

ဟယ်ကုက ကြားရက်များတွင် လေးနက်တည်ကြည်စွာ နေတတ်သူ ဖြစ်သော် လည်း ဒီလိုအချိန်မျိုးရောက်မှ လုံးဝခြားနားနေသော တစ်ဘက်ခြမ်းကို စုန့်ကျွီးဟန်၏ရှေ့ တွင် လှစ်ဟပြလေ့ရှိသည်။ ထိုတစ်ဘက်ခြမ်းက လူကို ဆွဲဆောင်ညှို့ငင်တတ်သော ပုံစံလေး ဖြစ်ပြီး၊ ဒီလိုပုံစံလေးကလည်း စုန့်ကျွီးဟန် တစ်ဦးတည်း အပိုင်သာ။

စုန့်ဟယ်က ခေတ္တရပ်လိုက်သည်။ "မင်းဘာလုပ်နေတာလဲ"

စုန့်ကျွီးဟန်က အနိုင်ကျင့်ခံရသည့် မျက်နှာလေးဖြစ်နေသော ဟယ်ကုကို ကြည့် လိုက်သည်။ စိတ်ပျော်နေချိန်ဖြစ်ရာ အပြုံးလေးဖြင့် ဆိုသည်။

"သီချင်းနား ထောင်နေတာလေ"

"မင်း ငါပြောလိုက်တာကို မကြားဘူးလား၊ မင်းကလေ ဘာမှ ဂရုတစိုက်ကို မရှိ ဘူး၊ အဲ့ဒီ သတင်းထောက်တွေက အစလေးထွက်လာတာနဲ့ ဝိုင်းဆွဲထုတ်လိုက်ကြမှာ"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now