ဟယ်ကု ထိုညက ကောင်းကောင်းအိပ်မပျော်ခဲ့။ အခန်းတွင်းအပူပေးစက်က နွေးလွန်းနေ သည်။ စုန့်ကျွီးဟန်၏ ခန္ဓာကိုယ်မှထွက်သော အပူဓာတ်လည်း ရှိသည်။ သူ့ကိုလည်း ပူးကပ် တွယ်ဖက်ပြီး အိပ်နေသေးသည်။ ညလယ်ကောင်ကြီး နှစ်ကြိမ်တောင် နိုးလာရသည်။ သို့ သော်လည်း စုန့်ကျွီးဟန်ကိုတော့ မနှိုးဖြစ်ခဲ့ပေ။ သူတို့နှစ်ယောက်လုံး အိပ်မပျော်နိုင်ဘဲ တစ် ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ကြောင်ငေးကြည့်နေရမည်ထက် စုန့်ကျွီးဟန်တစ်ယောက် အိပ်ပျော်နေသည်က တော်ပါသေးသည်။
ထိုဒဏ်ကို မနက်ခင်း ၆ နာရီအထိ သည်းခံနေခဲ့ရင်း သူအိပ်မပျော်နိုင်တော့ချေ။ အောက်ထပ်ကိုဆင်းကာ အဆောက်အဦးတစ်ပတ် ပတ်ပြေးလိုက်ပြီးမှ မနက်စာဝယ်ကာ ပြန်လာခဲ့လိုက်သည်။
မနက်ခင်းပြေးလိုက်ခြင်းက သူ့စိတ်ကို နိုးကြားသွားစေရန် တကယ်ကို အထောက် အကူဖြစ်သည်။ ယမန်နေ့၏ အလွန်ဆိုးရွားပြီး ရင်ကွဲပက်လက်ဖြစ်ခဲ့ရသော အဖြစ်အပျက် များမှ သူနိုးထနိုင်သွားသည်။ သူ့စိတ်ထဲ ရယ်ချင်ပက်ကျိပင်ဖြစ်နေမိသည်။ မနေ့က အဖြစ် အပျက်က ဘာကိုဆိုလိုပါသလဲ၊ သူနှင့် စုန့်ကျွီးဟန်က နဂိုကတည်းက ဒီလို ပတ်သက်မှုမျိုး သာဖြစ်ပြီး စုန့်ကျွီးဟန်ကလည်း ဒီလိုလူမျိုးပဲဖြစ်သည်လေ။ သူက ဒါကို အခုမှ သဘော ပေါက်ရသလား။
စိတ်အေးအေးထားပြီး စဉ်းစားကြည့်သောအခါ သူတို့နှစ်ဦး၏ အံချော်နေသည့်
အခုတလောဆက်ဆံရေး အခြေအနေတွေက ဖုန်ကျုန်း တရုတ်ပြည်ကို ရုတ်တရက်ပြန် ရောက်လာတာကနေ အစပြုခဲ့သည်။ ဒါကိုက စုန့်ကျွီးဟန်၏လောင်းရိပ်အောက်က ရုန်း ထွက်ပြီး လွတ်လွတ်လပ်လပ်နေသွားနိုင်ရန် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်။ သူ လည်း စုန့်ကျွီးဟန်ဘက်က တဖြည်းဖြည်းချင်း စိမ်းကားလာမှုတွေကို ပိုပိုပြီး ကျင့်သားရနေ ခဲ့ပြီ။ ထိုသို့သော တစ်နေ့နေ့ရောက်လာခဲ့လျှင် သူက အရင်ဦးအောင် သူ့လမ်းသူ ခွဲထွက်သွား နိုင်ကောင်း သွားနိုင်လိမ့်မည်။
မနက်စာစားပြီးလျှင် ဟယ်ကု အဝတ်အစားလဲလိုက်ကာ ခရီးဆောင်သေတ္တာကို ရှာပြီး အထုပ်အပိုး စပြင်သည်။ ပြီးနောက် နောက်တစ်နေ့မနက် ရှန်ဟိုင်းသို့သွားမည့် လေယာဉ် လက်မှတ်တစ်စောင် ဘိုကင်တင်ထားလိုက်တော့သည်။
YOU ARE READING
ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )
RomanceTranslator - Mee Han Product Details - Book 1 + Book 2 ( 78 Episodes + 3 Extra ) Myanmar edition copyright © 2022 NEW CHAPTER COMPANY LIMITED All rights reserved.