Part 33

493 42 1
                                    

ဟယ်ကု ကားရှိရာသို့ ဒယိမ်းဒယိုင်ပြန်လျှောက်လာခဲ့သည်။ ခြေထောက်များက ‌ခွေကျချင် နေသည်ကိုခံစားမိသည်။ လက်တွေလည်း တဆတ်ဆတ်တုန်နေပြီး ကားသော့ကိုပင် မနည်း ဝင်အောင်ထည့်ရသည်။ နောက်ဆုံး သော့ကို ခုံပေါ်သို့သာ ပစ်‌ပေါက်လိုက် တော့သည်။

သူ့မျက်လုံးတွေလည်း ရောင်ကိုင်းနေလေပြီ။ မျက်လုံးများကို လက်ဖြင့် ခပ်ကြမ်း ကြမ်းဖိပွတ်ရင်း ရှက်စရာမျက်ရည်များ ထပ်မကျလာစေရန် တားမိသည်။

ဦးနှောက်တစ်ခုလုံးလည်း ပရမ်းပတာဖြစ်နေပုံရသည်။ အကြောင်းအရာ အကုန် လုံးကို ပြန်စဉ်းစားဖြစ်ခဲ့သည်။ သို့သော်လည်း ဘာစဉ်းစားမိမှန်းပင် သူမသိတော့ပြန်။ ချည် ခင် အထွေးကြီးထဲ ရောက်နေရသလိုပင်။

အားလုံးသောအတွေးများကို နောက်ဆုံးအကျဉ်းချုပ်လိုက်သောအခါ နှလုံးသားထဲ က စကားလုံးသုံးလုံးအဖြစ် အဖြေထွက်လာသည်။ 'စုန့် ကျွီး ဟန်'

စုန့်ကျွီးဟန်၏အမည်ဖြစ်လာပုံအကြောင်း ဗန်နက်ဆာရှင်းပြဖူးသည်ကို သူမှတ်မိ သေး သည်။ စုန့်ဟယ်က အလွန်မာန်မာနထောင်လွှားသည်။ သူ့သားကို 'အမြင့်အထွဋ်တို့၏ ထိပ်ခေါင်၊ အောင်မြင်သော်လည်း မအေးစက်'ဟူသည့် အဓိပ္ပါယ်ဖြင့် စုန့်ကျွီးဟန်ဟု အမည် ပေးထားခြင်းဖြစ်သည်။ သိပ်ပြီး မင်္ဂလာတရားနှင့်ပြည့်စုံသည့် အမည်မျိုးမဟုတ်သော်လည်း စုန့်ကျွီးဟန်၏ အောင်မြင်မှုကလွဲပြီး ဘာကိုမှ ဂရုမစိုက်မှန်း သိသာစေသည်။ ဒီလူက သူ့သား ထိပ်ဆုံးရောက်ရန်သာ အလေးထားသူမျိုးဖြစ်သည်။

စုန့်ဟယ်၏ သူ့သားအပေါ်ထားသော မြင့်မြင့်မားမား မျှော်လင့်ချက်များက

တကယ်လည်း အားလုံးဖြစ်မြောက်လာခဲ့ကြသည်။ စုန့်ကျွီးဟန်ဟု အမည်မှည့်ခေါ်ထား သည့်အတိုင်း သူက မမြင်နိုင်သော ဓားတစ်လက်ကိုကိုင်စွဲထားသည်။ စစ်သည်တော်တွေလို လူများကို သေကြေစေနိုင်သည်။ သေရာပါ ဒဏ်ရာများလည်း ပေးနိုင်စွမ်း ရှိသည်။

ဟယ်ကု၏ ခြောက်နှစ်ကျော် ခေါင်းမာစွာတွယ်ကပ်ခဲ့မှုကတော့ ရယ်စရာ သတင်း တစ်ပုဒ်သာ ဖြစ်သွားရလေပြီ။ စုန့်ကျွီးဟန် ဒါမှမဟုတ် ဖုန်ကျုန်းကို မုန်းစရာ ခွန်အားပင် သူ့ မှာ မကျန်။ သူ့ထိုက်နှင့်သူ့ကံ စီမံရာအတိုင်း နာခံချင်စိတ်သာ ရှိတော့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now