Part 23

464 37 0
                                    

ဟယ်ကု အိမ်တွင် ရက်အနည်းငယ်နေလိုက်ရပြီး လုပ်ဖော်ကိုင်ဖက်များက အိမ်သို့ သတင်း လာမေးကြသည်။ ကုချင်းဖေလည်း သတင်းကြားသောအခါ သူတို့နှင့် အတူလိုက်လာရန် ရည်ရွယ်ခဲ့သေးသည်။

ဟယ်ကုက သူ့အိမ်တွင် ဆူဆူညံညံရှိနေခြင်းကို နည်းနည်းမှ မကြိုက်သူဖြစ်သည်။ ယာဉ်မတော်တဆမှုက ကြီးကြီးမားမားမဟုတ်သည့်တိုင် မဖြစ်စလောက် ထိခိုက်ရုံတော့ မ ကပြန်။ ကုမ္ပဏီတွင်လည်း သူက အကြီးအကဲ ခေါင်းဆောင်ပိုင်းတွင် မပါသော်လည်း ပမွှား လေးမဟုတ်သည့် အနေအထားမျိုးရှိသည်။ သို့ဖြစ်၍ လုပ်ဖော်ကိုင်ဖက်များက စာနာစွာဖြင့် သတင်းမေးလိုသည်ဟု ဆိုသည့်အခါ သူ့မှာ ငြင်းဆန်ရန် အကြောင်းပြချက်မရှိခဲ့ပေ။

သူတို့ရောက်မလာခင် အိမ်တွင်ရှိနေနိုင်သော စုန့်ကျွီးဟန်၏ ခြေရာ၊ လက်ရာများ ကို အစဖျောက်ထားရန် ဟယ်ကုတွေးမိလိုက်သည်။ ထို့ကြောင့် တစ်အိမ်လုံးကို နှံ့နှံ့စပ်စပ်ရှာ ဖွေကာ စုန့်ကျွီးဟန်၏ သီချင်းခွေ၊ ရုပ်ရှင်ကား၊ ပိုစတာများနှင့် သူကြော်ငြာထားသော ပစ္စည်း များကို သိမ်းထားလိုက်တော့သည်။ အဝတ်အစား၊ အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများ၊ မုန့်ပဲသွားရည်စာ၊ ဝိုင်များမှအစ ဤနေရာတွင် စုန့်ကျွီးဟန် လာနေသည်ဟု ယူဆနိုင်သော ဘာပစ္စည်းမဆိုပင်။ သိမ်းဆည်းရင်းဖြင့် သူ့အိမ်တွင် စုန့်ကျွီးဟန်၏ အရိပ်များက နေရာ တကာတွင် စိုးမိုးထားကြောင်း သူသဘောပေါက် လိုက်ရသည်။

အိမ်သားနှစ်ဦးရှိကြောင်း ဖော်ကောင်လုပ်ရာရောက်နေသော ရေချိုးခန်း မျက်နှာ

သစ်ခွက်ပေါ်ကလျှပ်စစ်သွားတိုက်တံနှစ်ချောင်းကို ဟယ်ကုကြည့်မိသည်။သူတို့နှစ်ယောက် အတူနေနေကြသည်ဟု ထင်ချင်စရာ ကွက်တိပါပင်။ သူ့ကိုယ်သူ လှောင်ရယ်ရင်း သွားတိုက် တံကို ဖယ်ထားလိုက်ရသည်။

ထိုအချိန်မှာပင် ကုချင်းဖေက ဖုန်းဆက်လာလေသည်။

"ဟယ်ကု ငါတို့ နောက်ဆုံးတစ်ခေါက် ထမင်းအတူစားတုန်းကတွေ့ခဲ့တဲ့ မင်းသား ပေါက်စလေးကို မှတ်မိသေးလား"

"ကျွန်တော် မှတ်မိပါတယ်၊ ဘာဖြစ်လို့လဲ" ထိုနေ့ပြီးနောက်ပိုင်း ကျွမ်းကျယ်ယွီ က သူ့ကို WeChat ထဲတွင် နှုတ်ဆက်စကားတစ်ခွန်းပို့လာသေးသည်။ ဟယ်ကုကလည်း တန်းကို ဖျက်ပစ်လိုက်သည်သာ။ သို့နှင့် ကျွမ်းကျယ်ယွီက Friend Request နောက်တစ်ခု နှင့်အတူ ဆဲစာများပါ ထည့်ရေးလာတော့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now