Part 43

1.7K 82 16
                                    

ဒီနေ့တော့ ခေါင်းထဲဗလာပဲရှိသည့် ကျွမ်းကျယ်ယွီတစ်ယောက် ဟယ်ကုကို အပြေးလာရှာ သည်။

ကျွမ်းကျယ်ယွီက မကြာမီကမှ တီဗီဇာတ်လမ်းတွဲတစ်ခု၏ ဇာတ်ကောင်နေရာ ကောင်းတွင် သရုပ်ဆောင်ခွင့်ရခဲ့ပြီး ဇာတ်လမ်းကလည်း ရေပန်းစားနေသည်။ အခုဆို သူ့အ သွားအလာတွေ တော်တော်ကျပ်သွားသည်။

အိမ်ထဲဝင်ဝင်ချင်း ကျွမ်းကျယ်ယွီက ဦးထုပ်နှင့် နေကာမျက်မှန်ကို ဆွဲချွတ်ရင်း ထအော်တော့သည်။ "မတရားအေးတယ်ဗျို့"

ဟယ်ကု ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ "ဒီလောက်အေးရတဲ့အထဲ မင်းက လေကာဂျာကင် ပါးပါးလေးပဲ ဝတ်ထားတာကိုး"

"ပုံကျတယ်လေ၊ ကျွန်တော့်ကိုယ်နဲ့ ကွက်တိပဲ" ကျွမ်းကျယ်ယွီက မှန်ရှေ့တွင် ဆံပင်ကိုသပ်ရင်း ပြုံးလိုက်ပြန်သည်။ ပြီးမှ သူ့ကိုလှမ်းပြောသည်။

"ဦးလေးဟယ်၊ ကျွန်တော့်ကို လွမ်းနေလား"

"ငါ မင်းမျက်နှာကို တီဗီထဲမှာ ခဏခဏတွေ့နေတာပဲကို"

"ဒါပဲလေ" ကျွမ်းကျယ်ယွီက လက်ကို ခါးတွင်ထောက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေသည်။ "ကျွန်တော်နောက်ဆုံးတော့ နာမည်ကြီးလာပြီဗျ၊ အခုတလော ပိုက်ဆံတွေလဲ အများကြီးရှာနိုင်လာတယ်"

"ဂုဏ်ယူပါတယ်ကွာ၊ ထိုင်ပါဦး၊ လက်ဖက်ရည်လား ကော်ဖီလား"

"ကော်ဖီ"

ဟယ်ကု သူ့အတွက် ကော်ဖီတစ်ခွက်ဖျော်ကာ ခွက်ကို ကမ်းပေးလိုက်သည်။

ကျွမ်းကျယ်ယွီက ဟယ်ကုကို အပြုံးလေးတစ်ပွင့်ပေးကာ ပြန်ကြည့်သည်။

"ခင်ဗျား အခု ကြည့်ကောင်းတယ်၊ တော်တော်လေး ပိန်သွားပေမဲ့ ခင်ဗျားကိုကြည့် ရတာ အရင်ထက် ပိုပြီး လန်းလန်းဆန်းဆန်းရှိတယ်"

"အင်းလေ၊ ငါ့အလုပ်က အရမ်းပင်ပန်းတာကိုး၊ အလုပ် ထွက်လိုက်တာလဲ ခပ် ကောင်းကောင်းထင်ပါတယ်၊ ငါ နေ့တိုင်း တစ်နေ့ ရှစ်နာရီအိပ်နေတယ်"

"ကောင်းတာပေါ့" ကျွမ်းကျယ်ယွီက ပြုံးကာဆိုသည်။ "ခြေကုန်လက်ပန်းကျစေ တဲ့ အလုပ်ကထွက်ပစ်လိုက်၊ အဲ့ဒီအလကားလူကြီးကိုလဲ ထားခဲ့လိုက်တော့၊ ခင်ဗျားရဲ့ ဘဝ က အခုမှ ကမ္ဘာသစ်စမှာ"

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now