Part 2

931 57 0
                                    

သူနိုးလာသည့်အခါ မွန်းတည့်ချိန်ပင်နီးနေလေပြီ။

ဟယ်ကု မျက်လုံးများကိုဖွင့်လိုက်သည်။ နေက မျက်နှာပေါ်ကိုထိုးနေပြီး ခါးပေါ်တွင်လည်း လေးလံသော လက်တစ်ဖက်ကရှိနေသည်။ သူ ထိုလက်လေးကိုဆွဲယူပြီး နှလုံးသားတည့် တည့်တွင် တင်ထားလိုက်သည်။ ထို့နောက် ခေါင်းအုံးဘေးတွင်ရှိနေသော ယောက်ျားသား ကို ငေးကြည့်နေမိသည်။စုန့်ကျွီးဟန်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လျက်ရှိသည်။ ရှုပ်ပွ နေသော ဆံပင်များက မျက်နှာပေါ်သို့ဝဲကျနေသည်။ ရှည်လျားသော မျက်တောင်များက မျက်နှာပေါ်တွင် ယပ်တောင်သဖွယ် အရိပ်ငယ်လေးထိုးနေပြီး နှာသီးဖျားက လေကို ညင် ညင်သာသာလေး အရှူအထုတ်လုပ်လျက်ရှိသည်။ အာရိယန်သွေး လေးပုံတစ်ပုံနှောသော ကြောင့် စုန့်ကျွီးဟန်၏ မျက်နှာချောချောလေးတွင် ဥရောပသားတို့၏ ထီမထင်ဟန်သာ မက အာရှသားတို့၏ လျှို့ဝှက်နက်နဲဟန်တို့ပါ ပေါင်းစပ်နေသေးသည်။ လူတွေကို ရူးသွပ် သွားအောင် အလွယ်လေးလုပ်နိုင်သည့် မျက်နှာမျိုးဆိုတာ သူ အခုမြင်နေရသည့် မျက်နှာ ပင်ဖြစ်မည်။

ဟယ်ကု စုန့်ကျွီးဟန်ကို ချစ်ရခြင်းအကြောင်းများကို အချိန်အတော်ကြာ စဥ်း စား နေခဲ့သည်။ ဒီမျက်နှာလေးကြောင့်များလားဟုပင် တွေးမိသေးသည်။ ဟယ်ကုက အင်ဂျင်နီယာတစ်ဦးဖြစ်သည့်အလျောက် အတွေးအခေါ်ကောင်းပြီး အရာရာကိုစနစ်တကျ ဖြေရှင်းတတ်သည်။ ဥပမာ ဥပမေယျများဖြင့် နှိုင်းဆ၍လည်း သုံးသပ်တတ်သေးသည်။ နောက်ဆုံးတွင်တော့ စုန့်ကျွီးဟန်ထံတွင် မျက်နှာချောချော၊ မျိုးရိုး အဆင့်အတန်း ကောင်း ကောင်း၊ ငွေကြေးကြွယ်ဝမှုနှင့် ရင့်ကျက်မှုတွေ မရှိခဲ့လျှင်တောင် ဟယ်ကုကိုတော့ ကြွေ အောင်လုပ်နိုင်ဆဲ ဖြစ်မည်ဆိုသည့် အဖြေဖြင့်သာ နိဂုံးချုပ်လိုက်ရသည်။ စုန့်ကျွီးဟန်က အသိုင်းအဝိုင်းကြီးပြီး အဆင့်အတန်းမြင့်သော မိဘများမှ ပေါက်ဖွားသော ခပ်ချေချေ သား တစ်ယောက်ဖြစ်ပြီး ဖူးဖူးမှုတ် ကိုးကွယ်ချင်စရာ ဆွဲဆောင်မှုကောင်းလှသူပင်။

ယခု လက်ရှိအချိန် ဟယ်ကုသာဆိုလျှင်တော့ ထိုအထက်တန်း ကျောင်းသား လေး စုန့်ကျွီးဟန်၏ အပြောတစ်ချက်၊ အပြုံးတစ်ပွင့်ကို ငြင်းဆန်နိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော်လည်း ထိုစဉ်က ငယ်ရွယ်သေးသော ဟယ်ကုလေးခမျာတော့ မငြင်းဆန်နိုင်ခဲ့ ချေ။ စုန့်ကျွီးဟန်ဆိုသည်မှာ ထက်မြက်ပြီး ကိုယ့်အတွက်ကိုယ်သာ ကြည့်တတ်သူတစ်ဦး ဖြစ်ကြောင်း ဟယ်ကု တစ်ယောက်သာလျှင် အမှန်တကယ် နားလည်နိုင်လေသည်။ ဟယ်ကု၏ စုန့်ကျွီးဟန်အပေါ်နားလည်မှုသည် သူ့မိဘများနှင့်ယှဥ်လျှင်သာ ဒုတိယဖြစ် ကောင်းဖြစ်လိမ့်မည်။ အကြောင်းမှာ စုန့်ကျွီးဟန်သည် သူ့ရှေ့တွင် လူကြီးလူကောင်းဆန် ဆန် အပြုအမူမျိုး လုပ်မပြသလို၊ ဟန်ဆောင်ခြင်းမျိုးလည်း ဘယ်တုန်းကမှ မရှိချေ။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now