Part 19

418 28 0
                                    

ဟယ်ကု၏မျက်ဝန်းများ ပူတက်လာရသည်။ သူ့မြင်ကွင်းများလည်း ဝေဝါးလာတော့သည်။

စုန့်ကျွီးဟန်က ရယ်မောရင်း ဆိုသည်။ "ဟယ်ကု မင်း တကယ်ပဲ ဒီကို ဘာလာလုပ် တာလဲ၊ မင်းက ဂေးစစ်စစ်လေးလေကွာ၊ ဘာလို့များ ငါ့လို ခြေတစ်ဖက်ပဲ လှမ်းထားတဲ့ ကောင်လောက်တောင် စည်းမျဥ်းတွေကို နားမလည်ရတာလဲ"

"စည်းမျဉ်း" ဟယ်ကု ထိုစကားနှစ်လုံးကို ထပ်ကာ ထပ်ကာ ရေရွတ်နေမိသည်။ အဆိပ်များကို မျိုချနေသူတစ်ယောက်လို။

"ငါတို့ အတူအိပ်လိုက်တာနဲ့ပဲ အခု ငါက မင်းကို တာဝန်ယူပေးရတော့မယ်လို့ တွေးနေတာလား၊ မဟုတ်မှ ငါက မင်းကိုယူရမှာလား" စုန့်ကျွီးဟန်က သရော်သံအပြည့်ဖြင့် ဆိုသည်။

သူ့မျက်ဝန်းများထဲတွင် ကြမ်းကြုတ်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ဟယ်ကု စုန့် ကျွီးဟန်၏ ကော်လံကိုဆွဲကိုင်ကာ ထိုလူကို နံရံဆီသို့ တွန်းပစ်လိုက်သည်။

စုန့်ကျွီးဟန် အနည်းငယ်တော့ အံ့သြသွားရသည်။ သူက လက်ကောက်ဝတ်ကို ကွေးချပြီး ခြိမ်းခြောက်မှုတစ်ဝက်၊ စနောက်သည့်ဟန်တစ်ဝက်ဖြင့် ပြောလာသည်။

"ဟယ်ကု မင်းစိတ်လိုက်မာန်ပါ မလုပ်တာကောင်းလိမ့်မယ်၊ ကံကောင်းတာက မင်းလဲ ငါ့ကို နိုင်အောင် မလုပ်နိုင်တာပဲ၊ လုပ်သာလုပ်မိရင် မင်းတော့ ပြဿနာအကြီးကြီး တက်မှာ"

ဟယ်ကုမျက်သားများက နီရဲလာပြီး ရင်ထဲတွင်လည်း လှိုင်းထန်နေခဲ့သည်။ ဒီလို အရှက်တကွဲဖြစ်မှုမျိုး သူ့ဘဝမှာ တစ်ခါမှ မကြုံခဲ့ဖူးပေ။ သူ့ကိုယ်ထဲက တစ်စုံတစ်ရာကို စုတ်ဖြဲခံလိုက်ရသလိုမျိုး၊ သူ့သွေးတွေ မြေပေါ်ယိုစီးကုန်သလိုမျိုး ခံစားနေရသည်။

ဒီမျက်နှာက သူ့အတွက် ရင်းနှီးနေသလို တစ်ပြိုင်တည်းမှာပင် စိမ်းသက်နေပြန် သည်။ ပထမဆုံး သိကျွမ်းခဲ့စဥ်မှသည် လက်ရှိအချိန်အထိ စုန့်ကျွီးဟန်၏ လှုပ်ရှားမှု အားလုံး ကို သူတိတ်တိတ်လေး စူးစမ်းခဲ့ဖူးသည်။ အရင်းခံကတော့ သူနှင့်အနီးကပ်နေခွင့် ရခဲ့သော စာသင်ခန်းကျဥ်းလေးထဲမှ နေ့လယ်ခင်းတစ်ခုကြောင့်သာ။ သဘောကျ နှစ်သက်ခြင်းဆို သည့်အရာက မည်မျှလှပကြောင်း ပထမဆုံးအကြိမ် ခံစားမိစေခဲ့၍ပင်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now