Part 36

493 37 2
                                    

နမ်ချွမ့်က ဒီနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို ပြင်သစ်နိုင်ငံ နိစ်မြို့တွင် ကျင်းပရန် သတ်မှတ်ခဲ့သည်။ အလယ်အလတ်အဆင့်နှင့် အထက်ရှိသောခေါင်းဆောင်ပိုင်းများ တက် ရောက်ရမည်ဖြစ်ပြီး ပေကျင်းရုံးချုပ်မှလည်း လူ ၆၀၊ ၇၀ ခန့် သွားတက်ကြလိမ့်မည်။

ချန်ရှန်းခမျာ အလွန်ကို အားကျနေတော့သည်။ မိန်းကလေးတစ်စုကလည်း ပြန် လာလျှင် ပြင်သစ်မှ တစ်ခုခု သယ်ခဲ့ရန် တတွတ်တွတ်မှာနေကြသည်။ သို့သော်လည်း ဟယ်ကုကတော့ မသွားရန် ရည်ရွယ်ထားသည်။

နှစ်ကုန်မတိုင်မီ အိမ်အလှဆင်ကုမ္ပဏီကောင်းကောင်းတစ်ခုရှာနိုင်ရန် အလုပ်တွေ ကို လက်စသတ်ချင်လှပြီ။ သူ့အမေနှင့် စုစုအတွက်လည်း နှစ်သစ်ကူး ပြင်ဆင်စရာများ ရှိ သေးသည်။ ထိုကိစ္စအကုန်လုံးကို သူတစ်ယောက်တည်း လုပ်ရမည်။ သူ့တွင် လက်ထောက် ချန်ရှန်း ရှိသော်လည်း တကယ်တမ်း ချန်ရှန်းက ကိုယ်ရေးအရာရှိမဟုတ်။ ကိုယ်ပိုင်အချိန်ကို မထိခိုက်စေလိုပါ။ သို့နှင့်ပင် အလုပ်အများစုကို အချိန်နည်းနည်းအတွင်း ရအောင်လုပ်ရ တော့သည်။ နိစ်မြို့တွင် ငါးရက်တာ သွားနေရန်ပင် သူ့မှာ အချိန်မရှိ။ လေယာဉ်ပျံသန်းချိန်၊ ခရီးပန်း၍နားရမည့်အချိန်နှင့် ပေါင်းလျှင် တစ်ပတ်က အသာလေးကုန်သွားလိမ့်မည်။

နောက်ပိုင်းတွင်တော့ သူ့ဘဝမှာ ထိုစဉ်က ဘယ်သူမှ နားမလည်နိုင်ခဲ့သော ဒီဆုံး ဖြတ်ချက်အကြောင်းကို မကြာမကြာပြန်သတိရမိသည်။ သူသာ တကယ်ပဲ နိစ်ကို သွားဖြစ်ခဲ့ လျှင် သူ့ဘဝက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်လောက်သည်။

၁၂ လမြောက်လ ကုန်ဆုံးခါနီး ရက်အနည်းငယ်အလိုတွင် ကုမ္ပဏီမှ စင်းလုံးငှား လေယာဉ်ကြီးနှင့် အေးစက်စက်မြို့တော်ကို စွန့်ခွာပြီး ပြင်သစ်တောင်ပိုင်း၏ နွေးထွေးတက် ကြွမှုလေးရှိရာကို ပျံသန်းသွားကြတော့သည်။

ဟယ်ကု နမ်ချွမ့်နှင့် ရေရှည်လက်တွဲလုပ်ဆောင်နေကျ အလှဆင်ကုမ္ပဏီကို ဆက် သွယ်လိုက်သည်။ သူကြီးပြင်းလာခဲ့သော အိမ်အဟောင်းလေးထံကိုလည်း ပြန်လာကြည့်ဖြစ် ခဲ့သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now