Part 39

471 46 3
                                    

စုန့်ကျွီးဟန်၏ အနုပညာအဖွဲ့သားတွေ ဆေးမှုမှာ ပါဝင်ပတ်သက်သည်ဆိုသည့် သတင်းက ဒီနှစ်၏ အတင်းအဖျင်းနှင့် ဇာတ်လမ်းစုံကဏ္ဍအတွက်အဖွင့် ဖြစ်လာသည်။ နွေဦးပွဲတော် အားလပ်ရက်တစ်ခုလုံး အင်တာနက် အသုံးပြုသူများကြား စုန့်ကျွီးဟန်နှင့် ဟန်ရှန်းအ ကြောင်း အတင်းအဖျင်းမီးပွားများက တစ်စထက်တစ်စ လှိုင်းထန်လာတော့သည်။ မီးစလေး တစ်စမှသည် စုန့်မီဒီယာတစ်ခုလုံးကိုလောင်ကျွမ်းလာပြီး အတိတ်က မကောင်းကြောင်းများ နှင့်ဆိုင်သည့် သတင်းအမှားရော အမှန်တွေကိုပါ ပြန်လည်တူးဖော် လာကြသည်။

နောက်ဆုံးတွင် တိုက်ပွဲက 'ဟယ်ကု' ဆိုသော အမည်တစ်ခုထံ ရည်ရွယ်ချက်ရှိရှိ ဦးတည်သွားတော့သည်။ ဒေါသထွက်နေသော ပရိသတ်ပေါင်းများစွာက လူအရှာထွက်ကြ ပြီး၊ သူဘယ်မှာတည်းသည်ဆိုတာက အစ၊ ဓာတ်ပုံများ၊ အလုပ်အကိုင်၊ အိမ်လိပ်စာ၊ ဆက် သွယ်ရန်အချက်အလက်များနှင့် ကိုယ်ရေးရာဇဝင် အစရှိသည်တို့ကို အကုန်လုံး လူသိရှင် ကြား ချပြကြတော့သည်။ သူတို့က စားသောက်ဆိုင်အတွင်း ရန်ပွဲ၊ အမှုအခင်းကိစ္စ စသော သိက္ခာကျဆင်းစေသည့် ကောလာဟလများထဲသို့ စုန့်ကျွီးဟန်ကို ဆွဲသွင်းလိုက်သူမှာ 'ဟယ်ကု' ဟူသည့် လူဖြစ်သည်ဟု အသည်းစွဲအောင် မှတ်ထားကြသည်။ ပရိသတ်များက ဒေါသများကို ဖွင့်ထုတ်ရန် ထွက်ပေါက်လိုချင်လာသည်။

ဟယ်ကု ယာယီထိန်းသိမ်းရေးစခန်းမှ ထွက်လာပြီးချိန်မှာတောင် ဒီအရှုပ်ထုပ် ကြီးက မပြီးဘဲကျန်နေမည်ဟု သူ မထင်ခဲ့မိ။ သူ့ ဓာတ်ပုံများကို အင်တာနက်ပေါ်ရှိ နေရာ တကာတွင်တွေ့နေရပြီး ဖုန်းကို ဖွင့်ကြည့်ရန်ပင် ခက်ခဲလှသည်။ စာတိုက်ပုံးထဲတွင်လည်း စာများဖြင့် ပြည့်နေတော့သည်။ လမ်းမှာ အရှက်ခွဲခံရမှာကို ကြောက်သည့်စိတ်ကလည်း ပိုပို များလာရသည်။

တစ်ဖက်မှာတော့ ဆွန်းချင်က ဒီကိစ္စတွေကို ဖြေရှင်းဖို့လုပ်ပေးနေပြီး အင်တာနက် ကွန်ရက်များသို့လည်း လိုက်အကြောင်းကြားထားသည်။ ကွန်ရက်ရဲများထံမှ အထောက်အ ထား များရယူကာ အကြီးဆုံးသတင်း Website များနှင့် Search Engines များမှ သတင်း အချက်အလက်များကို ဖျက်ချနေခဲ့သည်။ သို့သော်လည်း ကွန်ရက်က ကျယ်ပြန့်လွန်းသော ကြောင့် အားလုံးကိုတော့ လိုက်မဖျက်နိုင်။ ပိုပြီး ဖျက်ပစ်လေ ပရိသတ်များက ပိုဒေါသထွက် လေ ဖြစ်နေကြသည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now