Part 41

633 46 2
                                    

'မင်းသာ ကတိမပေးရင် ဒီကိစ္စ ဒီမှာတင်မပြီးဘူး' ဟု အဓိပ္ပါယ် ထွက်နေသော စုန့်ကျွီးဟန်၏ ညစ်တစ်တစ် အကြည့်များကို ဟယ်ကု တွေ့လိုက်ရပြီး သူ့ရင်ထဲ အနည်းငယ် နွမ်းလျသွား တော့သည်။

ရုတ်တရက်လည်း အဖြေတစ်ခုရသွားခဲ့သည်။

သူ လိုချင်ခဲ့သည့်အရာက သူ့လက်ဖျားတွင်ရောက်နေပြီလေ။ ဘာလို့ ငြင်းဆန်နေ ဦး မှာလဲ။ ဘာလို့ မစမ်းကြည့်ရမှာလဲ။ သူတွေးထင်ထားခဲ့သလို တကယ်ကို လှပနေမှာလား၊ စုန့်ကျွီးဟန်ဘက်ကလည်း တကယ်ကို လအနည်းငယ်လောက်ကြာအောင် ဆက်ထိန်းထား နိုင်မှာလား၊ သူ့ဘက်ကရော ကျွီးဟန်ကို ခဏလောက်ထပ်ပြီး သည်းညည်းခံနိုင်ဦးမလား ဆို တာတွေကို သူ စမ်းသပ်ကြည့်မည်။

သူ ခန့်မှန်းမိသလောက် သုံးလထက်တော့ ပိုမည်မထင်။

စုန့်ကျွီးဟန်က တစ်ဦးတစ်ယောက်တည်းကိုသာဆိုသည့် သဘောတရားကို နားမ လည်ဘဲ မွေးလာသူဖြစ်သည်။ သူ့နောက်ခံနှင့်မိသားစုက ဒါကို မသင်ပေးလိုက်ကြပေ။ ကြီး ပြင်းလာပြီးနောက်တွင်လည်း ဖြားယောင်းမှုများစွာနှင့် ကြုံခဲ့ရသည်။ စုန့်ကျွီးဟန်ကို 'တစ်ဦး တစ်ယောက်တည်း' ဆိုသည့်အကြောင်းကို ဘယ်သူက သွားပြောပြောဟု သူ့ဘက်ကတော့ 'တခြားသူတွေနှင့် မပတ်သက်ဘူး' ဆိုသည့် ကတိကိုသာ ပြန်ပေးလိမ့်မည်။ ဒီလို ကတိပေး ခြင်းကလည်း ဟယ်ကု ဒေါသပြေသွားသည်အထိ ခဏတဖြုတ်သာ ရည်ရွယ်ခြင်းမျိုးဖြစ်

သည်။

စုန့်ကျွီးဟန်၏ 'အလေးအနက်တွဲကြမယ်' ဆိုသောစကားက အလွန်ချိုမြိန် လှပါ သည်။ သို့သော်လည်း ဒီစကားကို သူ့နှလုံးသားထဲအထိ အရောက်ခံ၍မဖြစ်။ သူတို့ နှစ် ယောက်တွဲနေကြသည်ဟု တကယ်ကြီး ယုံကြည်လိုက်မိလျှင် သူ၏ပိုင်စိုးပိုင်နင်းလုပ်လိုစိတ် လေးက နှစ်ယောက်လုံးကို ဝါးမျိုသွားပြီး အဖတ်ဆယ် မရအောင် ဆွဲချသွားလိမ့်မည်။

ဟယ်ကုက လက်ချောင်းလေးများကို ဖြန့်ထုတ်ကာ စုန့်ကျွီးဟန်ကို ညင်ညင်သာ သာ ပွတ်သပ်ပေးရင်း တိုးဖျော့စွာဆိုသည်။ "ကောင်းပြီလေ"

စုန့်ကျွီးဟန်က ပြုံးသည်။ ဟယ်ကုလည်း သူနှင့်ဝေးရာမှာ မနေနိုင်ကြောင်း သူသိ နေခဲ့သည်။ ဟယ်ကုက အမြဲကို သိပ်ပြီးအေးဆေး တည်ငြိမ်လွန်းသည်။ ရံဖန်ရံခါသာ သက် ပြင်းလေးများ ချနေတတ်သည်။ တစ်ခါတလေ ဒီလို ပြဿနာ ထရှာပြန်တော့လည်း အရင်က နှင့်မတူ အသစ်အဆန်းဖြစ်ပြီး ပိုစိတ်ဝင်စားရသည်။ သူ့ကို အိပ်ရာထဲမှာ အနိုင်ကျင့်ရခြင်း အ ကြောင်းကလည်း တခြားသူတွေ မြင်တွေ့ခွင့်မရှိသည့် ဟယ်ကု၏တစ်ဘက်ခြမ်းက မျက်နှာ အမူအရာလေးတွေကို မြင်ချင်မိ၍ ဖြစ်သည်။

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now