Part 34

493 42 2
                                    

ဟယ်ကု ထိုမေးခွန်းကို မေးပြီးလျှင် လေး၊ ငါးစက္ကန့်ခန့် ဆိတ်ငြိမ်စွာ စောင့်လိုက်သည်။ ထို့ နောက်မှ ဖုန်ကျုန်း၏ အသက်ရှူသံနှင့် အသံတချို့ကို ကြားလိုက်ရသည်။ တစ်ဖက်လူမှာ ငို လုဆဲဆဲ အသံမျိုးဖြစ်နေလေသည်။ "ငါက မင်းကို ဘယ်လိုပြောရမှာလဲကွာ"

ဟယ်ကု စိုးရိမ်သွားပြီး ခဏလောက် စကားမဆိုနိုင် ဖြစ်သွားရသည်။

ဟုတ်သားပဲ။ သူက ဘယ်လိုများ ပြောထွက်နိုင်ပါ့မလဲ။

"စုန့်ကျွီးဟန် ဘယ်လိုလူစားလဲဆိုတာ ငါ သိတယ်၊ ငါ မင်းကိုလဲ မထိခိုက်စေချင် ခဲ့ဘူး၊ ဒါပေမဲ့ မင်းက သူ့ကိုမှ အရူးအမူးဖြစ်နေတာမို့ ငါပြောမထွက်ဘူး ဖြစ်သွားရတာ၊ ငါ ဘာမှမပြောဘဲထားရင်တောင် တစ်ချိန်ချိန်ကျရင်တော့ မင်းဘာသာမင်းသိသွားပြီး သူနဲ့ခွာပြဲ သွားလိမ့်မယ်လို့ ငါထင်ခဲ့တာ၊ မင်းက တကယ် ခွာမသွားခဲ့ဘူးပဲ၊ ခြောက်နှစ်ကျော်ကြာပြီး ငါတရုတ်ပြည်ကို ပြန်ရောက်တဲ့အထိ မင်းတို့တွဲနေကြဦးမယ်လို့ ငါ မထင်ခဲ့မိဘူးလေ၊ မင်းက လဲ သူ့ကို အရမ်းသဘောကျနေတုန်းပဲ၊ ဟိုးအရင်တုန်းက ငါမင်းကို အကြိမ်ကြိမ် ပြောပြချင် ပေမဲ့ ပြောမထွက်ခဲ့တာကို ငါနောင်တရပါတယ်၊ အခုတော့..." ဖုန်ကျုန်း၏အသံက တုန်နေ သည်။ "အခုတော့ ငါပိုလို့တောင် ပြောမထွက်တော့ဘူးပေါ့"

ဟယ်ကု ဖုန်ကျုန်းကို အပြစ်တင်သင့်သလား၊ မတင်သင့်သလားပင် မသိတော့ပေ။ အပြစ်တင်တင်၊ မတင်တင် ဘာအရေးပါတော့မှာလဲ။ သူ သက်ပြင်းရှိုက်ကာ ပြန်ပြောလိုက်

သည်။ "ငါသိပြီ"

"ဟယ်ကု ငါတောင်းပန်ပါတယ်၊ ငါ တကယ်တောင်းပန်ပါတယ်ကွာ၊ ငါ နောင်တ မရမိတဲ့နေ့ တစ်နေ့မှ မရှိခဲ့ပါဘူး၊ ငါမင်းကို ပြောပြခဲ့သင့်တာပါ၊ ငါသာ တွန့်ဆုတ်ဆုတ် လုပ် မနေဘဲ အဲ့ဒီနှစ်ကတည်းက မင်းကိုပြောပြခဲ့မိရင် မင်းအခုလိုမျိုး မနာကျင်နေရလောက်ဘူး နော်" ဖုန်ကျုန်း၏ အသံက အပြစ်တင်ခြင်းနှင့် ကြေကွဲခြင်းများ ပျော်ဝင်နေသည်။

"မင်း တောင်းပန်ဖို့မလိုပါဘူးကွာ၊ မင်းမှာ ငါ့ကိုမဖြစ်မနေပြောပြဖို့ တာဝန်လဲ မရှိပါဘူး"

ယစ်မူးရီဝေ နှစ်လရှည် ( Years of Intoxication Myanmar copyright )Where stories live. Discover now