1

2.8K 211 14
                                    

Unicode

[ ဤဝတ္ထုတွင် ပါဝင်သော အကြောင်းအရာ ၊
နေရာဒေသ ၊ ယူဆချက်များ အားလုံးသည်
စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်သည်။ လက်တွေ့နှင့် လုံးဝ မသက်ဆိုင်ပါ ။ ]

မိုးတွေ တဖွဲဖွဲ ရွာနေသည့် နေ့တစ်နေ့ ။
ကောင်းကင်တခွင်လုံး အုံ့မှိုင်းနေကာ
တိမ်ညိုတိမ်မည်းများက ကောင်းကင်အနှံ့
ပျံ့ကျဲနေသည် ။ မိုးရေကြောင့် ရေပြည့်နေသော ချိုင့်သေးသေးလေးများ ရှိသည့်
လမ်းပေါ်မှ မောင်းနှင်လာသည့် ကားတစ်စီး
သည် ခြံဝင်းတစ်ခုရှေ့ရောက်သည့်အခါ
ကားစက်သပ်လိုက်သည် ။

ရောင်စုံ ကျောက်စလစ်များ စီခင်းထားတဲ့
လျှောက်လမ်းပေါ်ကို ခြေချလိုက်သည့်
ရှုးဖိနပ်တစ်စုံ ။ ခရမ်းရင့်ရောင် ထီးကို
ဖွင့်ရင်း ကားတစ်ဖက်ခြမ်းက အမျိုးသမီးအား လက်ကမ်းလိုက်သည် ။

အိမ်တော်ထိန်းကြီးက အပြေးလာကြိုတဲ့အခါ
သူသည် မျက်နှာရိပ်ပြကာ အဆင်ပြေကြောင်း ပြောသည် ။ ဧည့်ခန်းထဲဝင်လာသည့်အခါ သူ၏ဖခင်က သူတို့ကို ကျောပေးထားသည့် လူတစ်ယောက်နှင့် စကားပြောဆိုနေသည် ။

ထိုလူကား အကြီးအကဲ ဖြစ်မည် ထင်သည်။
ဖခင်သည် အဓိက အကြီးအကဲတွေမှလွဲ၍
စကားလက်ခံပြောလေ့ပြောထ မရှိ ။
ဖခင်က သူတို့ကို မြင်သည့်အခါ မျက်ရိပ်ပြ၍
ခေါ်သည် ။

" အကြီးအကဲ ပတ်ခ်..ဒါ ကျုပ်သား
ဂျွန်ဂျောင်ဂုပါ.."

စကားပြောနေသူက အကြီးအကဲပတ်ခ်ဂျီမင်းဖြစ်သည် ။ သူ့အား ဖြတ်ခနဲ လှည့်ကြည့်လာသည့်အခါ အကြီးအကဲ၏ ငွေမှင်ရောင်
ဆံနွယ်များက လွင့်ခါသွားသည် ။

" မင်္ဂလာပါ အကြီးအကဲ ပတ်ခ်..ကျွန်တော်က
ဂျွန်ဂျောင်ဂုပါ တွေ့ရတာ ဝမ်းသာပါတယ်..."

" ထပ်တူပါပဲ..ဂျွန်.."
"ဂျွန်"ဆိုသည့် နာမ်စားကြား ဂျောင်ဂု၏
ညိုရင့်ရင့် မျက်ဝန်းများသည် လှုပ်ခတ်သွား
သည် ။

" မစ္စတာဂျွန်...ကျုပ် ရောက်နေတာလည်း
ကြာပြီမို့ ပြန်တော့မယ်ဗျာ..."

" ကောင်းပါပြီ..အကြီးအကဲ ပတ်ခ်...
အိမ်တော်ထိန်းကြီး အကြီးအကဲကို
လိုက်ပို့ပေးလိုက်ပါအုန်း..."

Escape From The OblivionWhere stories live. Discover now