Unicode
ဂျောင်ဂုသည် နိုးထလာသည့်အခါ ကိုယ်ပိုင်
အိပ်ရာတွင် မဟုတ်မှန်း သိလိုက်ရသည် ။
ခေါင်းသည် မူးနောက်နေသော်ငြားလည်း
ယမန်ညက အဖြစ်အပျက်တို့ကို ဦးနှောက်က
လှုံ့ဆော်အသိပေးလိုက်သည့်အခါ ရုတ်ခြည်း
ထထိုင်မိလိုက်သည် ။" အကြီးအကဲ..."
လွှတ်ခနဲ ရေရွတ်ပြီးသည့်နောက် ဘေးဘက်ကို အကြည့်ပို့သောအခါ ဂျောင်ဂုဘေးနေရာတွင် အိပ်မောကျနေသော အကြီးအကဲ တဖြစ် ဂျီမင်း ။"..မူး လိုက်တာ..."
အကြီးအကဲကို မြင်သောအခါ ဂျောင်ဂု ပို၍
မူးချင်သွားသည် ။ ချက်ချင်း ပြန်သွားဖို့
စဥ်းစားမိသော်လည်း ဤအပြုအမူသည် အကြီးအကဲပေါ် မလေးစားရာ ရောက်သောကြောင့် အကြီးအကဲ နိုးလာသည်အထိ
စောင့်ရန် ဂျောင်ဂု ဆုံးဖြတ်လိုက်သည် ။ခေါင်းအုံးပေါ်သို့ ဖြည်းညှင်းစွာ ပြန်လှဲအိပ်
လိုက်ပြီး တည့်တည့်က မျက်နှာကြက်ကိုသာ
စိုက်ကြည့်နေမိသည် ။ အချိန်တစ်ခု ကြာလာသည့်အခါ မျက်လုံးညောင်းလာသောကြောင့်
ဘေးဘီကို မျက်လုံးကစားမိသည့်အခါ
အကြီးအကဲဂျီမင်က သူ့မြင်ကွင်းထဲ
မဖိတ်ခေါ်ပဲ ဝင်ရောက်လာသည် ။ဂျီမင်သည် ခေါင်းအုံးဖြူဖြူထဲ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည် ။
ငွေမှင်ရောင်ဆံစတွေက ပျံ့ကျဲနေသော်လည်း
ဂျီမင်းကား ကြည့်ကောင်းဆဲ ။ ဘယ်လို
ဆွဲအားတွေကြောင့်မှန်းမသိ ဂျောင်ဂု၏
စိတ်အာရုံတစ်ခုလုံးသည် ဂျီမင်းအပေါ်ကို
သက်ရောက်သွားသည် ။ဂျီမင်ကို မျက်တောင်မခတ်ပဲ စက္ကန့်မလပ်
ငေးကြည့်နေသည် ။ ဂျောင်ဂု ငေးနေခဲ့တာ
ဂျီမင်၏ မျက်ခွံတွေလား ၊ ခပ်ရဲရဲ နှုတ်ခမ်း
တစ်စုံလား ၊ ငွေမှင်ရောင် ဆံနွယ်တွေလား ။
ဂျောင်ဂု မသိပါ ၊ ဂျောင်ဂုကိုယ်တိုင် ဂျီမင်၏
မည်သည့်အစိတ်အပိုင်းကို အမြတ်တနိုး
ငေးမိခဲ့လည်း မသိပါ ။ဂျောင်ဂု သိတာတစ်ခုက ဂျောင်ဂုငေးမိခဲ့တာ ဂျောင်ဂုအတွက် ထူးခြားနေတဲ့ ဂျီမင်ဆိုတဲ့ ဖြစ်တည်မှုတစ်ခုကိုပဲ ။
" ဆန်းကြယ်လိုက်တာ...နှိုင်းမရတဲ့
ဖြစ်တည်မှု တစ်ခုလိုပဲ..."
![](https://img.wattpad.com/cover/338248733-288-k233716.jpg)
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.