9

1.1K 104 16
                                    

Unicode

" ကိုယ် မင်းကို ချစ်တယ်, ချစ်သော..."

ဂျောင်ဂုသည် အံ့သြခြင်းများစွာဖြင့်
အကြီးအကဲကို ကြည့်လိုက်မိသည် ။
သဘောကျရုံလောက်ပဲလို့ တွေးထားခဲ့တာ
တကယ်တမ်းကျ ချစ်သည် တဲ့ ။
အကြီးအကဲ၏ ခံစားချက်တွေကို ဂျောင်ဂု
လိုက်လို့တောင် မမှီတော့ ။

တစ်ချိန်တည်းမှာပဲ ဂျောင်ဂုရဲ့နှလုံးသားမှာ
သစ္စာပန်းနီနီတွေဟာ ဖူးပွင့်လာခဲ့သည် ။ လေပြည်တွေဖြတ်တိုက်သွားသလို
ရင်ထဲမှာလည်း တလှပ်လှပ် ။ အဖြေစကားတွေလည်း မရှိတော့ ၊ သွေးကြောတွေထဲ
စုံးစုံးမြုပ်သွားသည့်သဖွယ် ပျောက်ရှကုန်သည်။

" အကြီးအကဲ အထင်မှား နေပြီ ထင်ပါတယ်"

" မမှားဘူး...အထင်မှားတာ တစ်ခုမှမပါဘူး
ချစ်သော...ဒီရင်ထဲ..ဒီရင်ထဲကနေ
ချစ်သောကို နှစ်နှစ်ကာကာ ချစ်တာပါ "

ဂျောင်ဂု၏ လက်တစ်ဖက်ကို အကြီးအကဲက
ဆွဲယူပြီး ရင်ဘတ်တွေပေါ်တင်ပေးတော့
အတိုင်းသား ခံစားနေမိတဲ့ အကြီးအကဲ၏
ရင်ခုန်သံတွေ ။ အကြီးအကဲက အပြောင်အပျက်လုပ်နေမဲ့ လူမျိုးမဟုတ် ။ ဂျောင်ဂု
ထွက်ပေါက်တွေ မဲ့လာခဲ့သည် ။

ဂျောင်ဂုသည် လက်တွေကို အကြီးအကဲဆီမှ
ဖြည်းညှင်းစွာ ဖယ်ခွာလိုက်ပြီး အကြီးအကဲနဲ့
ဆန့်ကျင်ဘက်က ပြတင်းပေါက်ဆီ
လျှောက်သွားလိုက်သည်။ ခြေလှမ်းတိုင်းမှာ
ဝေခွဲမရမှုများစွာနဲ့ ၊ ပြတင်းပေါက်ဘောင်ကို လက်ထောက်လိုက်ရင်း အပြင်ဘက်က မှောင်ရီပျိုးနေသည့် ညနေခင်းကိုအကြောင်းရင်းမဲ့စွာ ငေးနေမိသည် ။

" ချစ်သော...."

" ......"

" ကိုယ့်ကို တစ်ခုခုပြန်ပြောပါအုန်း...."
အကြီးအကဲက စိတ်လှုပ်ရှားနေသည်ထင်၊
စကားသံဟာ အဖျားခတ်မှာ တုန်ယင်လို့။

ဂျောင်ဂုသည် ပြတင်းပေါက်ဘောင်ကို
အားပိုထည့်ကာ ဆုပ်ကိုင်လိုက်သည် ။
မျက်လုံးကို တင်းတင်းကျပ်ကျပ် မှိတ်ချရင်း
ကြုံတွေ့နေရသည့် ဒီအခြေအနေက အိမ်မက်တစ်ခုဖြစ်ဖို့သာ ဆုတောင်းမိသည် ။

သို့သော် ရုတ်တရက်ခန္ဓာကိုယ်ကို ဆွဲလှည့်
ခံလိုက်ရပြီး ဂျောင်ဂုသည် အကြီးအကဲရင်ခွင်ထဲကို ရောက်ရှိသွားတာကြောင့် ဒီအရာက အိမ်မက်မဟုတ်ဘဲ သူရှောင်လွှဲလို့မရတဲ့
အခြေအနေတစ်ခုမှန်း ဂျောင်ဂု
အောင့်သက်သက်ဖြင့် နားလည်လိုက်သည် ။

Escape From The OblivionWhere stories live. Discover now