16

806 76 7
                                    

Unicode

ဂျောင်ဂု ပြတင်းဘောင်ပေါ် လက်တင်ရင်း
အပြင်ဖက်က အုံ့မှိုင်းညို့ဆိုင်းနေတဲ့
တောအုပ်ကြီးကို အကြောင်းမဲ့စွာ ငေးနေမိသည် ။ ဒီနေရာကြီးတစ်ခုလုံးမှာ ငှက်တချို့
အော်သံကလွဲဲပြီး သုဿန်တစပြင်လို တိတ်ဆိတ်နေသည် ။

သူ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည် ။
သူ ပြန်နိုးလာကတည်းက ဘယ်နေရာမှန်း
မသိတဲ့ နေရာမှာ ရောက်နေသည် ။
ပို ထူးဆန်းသည်က အကြီးအကဲ ။
သူ့မှတ်ဉာဏ်ထဲမှာ ကျန်သလောက်ကတော့
အကြီးအကဲနဲ့သူက တစ်ခါပဲဆုံဖူးခဲ့တာ ။

ထိုအကြောင်းတွေကို တွေးမိတာနဲ့ ခေါင်းဟာ
တဆစ်ဆစ်ထိုး ကိုက်လာသည် ။ ဒီလိုတွေကြောင့် သိပ်မတွေးချင်ပေမဲ့ အကြီးအကဲရဲ့
အပြုအမူတွေက သူ့ကို ပိုပိုပြီး တွေးချင်လာအောင် ဆွဲဆောင်နေတာ ။ အကြီးအကဲက
သူ့ကို တစ်ခုခု ဖုံးကွယ်ထားတယ် ။

Wheelchairကို ပြတင်းပေါက်ကနေ
ကုတင်ဘက်ကို လှည့်လိုက်သည် ။
အကြာကြီးအိပ်ပြီး နိုးလာသည်မို့ ခြေထောက်တွေက ကောင်းကောင်းမလှုပ်ရှားနိုင်သေးပေ။ ထို့ကြောင့် သူဟာ wheelchairနဲ့ အဖော်ပြုနေရသည် ။

အကြီးအကဲကတော့ အကောင်းဆုံး
ပြန်ထူထောင်လာနိုင်အောင် ဆေးတွေ
တိုက်နေပေမဲ့ နှစ်လရှိခဲ့ပြီ...သူ့ခြေထောက်
တွေက အခုထိ ထုံထိုင်းနေတုန်းပဲ ။
မှတ်ဉာဏ်တွေဆိုတာကလည်း အစအနတောင် ရှာမရ ။ အကြီးအကဲပြောတဲ့ သူတို့တွေက ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ဆိုတဲ့
ကိစ္စဆိုရင် ပိုလို့တောင်မှ ဆိုးသေး၊
တွေးကြည့်လို့ပင် မရပေ ။

ပျင်းရိပျင်းတွဲ ဖြစ်နေသည့် စိတ်နဲ့ အခန်းတံခါးဆီကို သူသွားလိုက်သည် ။ သတိ
ပြန်ရလာကတည်းက ဆေးတွေသောက်လိုက်
အိပ်လိုက်၊ လာပို့သည့်အစားအသောက်တွေစားလိုက် ၊ အကြီးအကဲနှင့် ကတောက်ကဆဖြစ်လိုက်က လွဲပြီး ယခုထိ သူ ဤအခန်း၏ အပြင်ဖက်ကို ​မရောက်ဖူးသေးပါ ။

ဒါကြောင့် ဒီနေ့တော့ အကြီးအကဲ အိမ်မှာ
မရှိတုန်း လှည့်ပတ်ကြည့်ဖို့ ဆုံးဖြတ်ထားသည်။အောက်ထပ်ကိုတော့ဆင်းမရပေမဲ့ ယခု အပေါ်ထပ်မှာတင် အခန်းတွေ
အများကြီး ရှိသေးသည် ဆိုတာကိုတော့
သူ ခံစားမိသည် ။

Escape From The OblivionWhere stories live. Discover now