22

730 69 6
                                    

Unicode

သွေးအန်ချင်ဖွယ် အိမ်မက်ဆိုးများမှ
တစ်ဖန်နိုးထလာသည့်အခါ ခန္ဓာကိုယ်ဟာ
မီးခဲသဖွယ် ပူကျစ်နေသည်ကို ခံစားမိ
လိုက်သည်။ ဂျောင်ဂုသည် အနာအရှိန်
ကြောင့် ဖျားနေကာ လည်ပင်းသည်လည်း
အနည်းငယ်လှုပ်ရုံနှင့်ပင် စူးနင့်အောင် နာကျင်သည် ။

သူ၏ ပုံစံက ကူရာကယ်ရာမဲ့လှသည် ။
ကုတင်၏ခေါင်းရင်းကို မှီကာ ထိုင်လိုက်
သည် ။ အသက်ရှူနေရသည်ကိုပင်
သူ့အတွက် ပင်ပန်းနေသည်ဟု ခံစားရပြီး အဆုတ်ထဲကို လေဝင်လာသည့်
အခေါက်တိုင်းတွင် သူ၏နံရိုးအိမ်ဟာ
တစ်စစီ ရိုက်ချိုးခံနေရသည်ကဲ့သို့
နာကျင်နေသည် ။

ပူစပ်နေသည့် မျက်ဝန်းများကို မှိတ်ချ
လိုက်သည့်အခါ သွေးပျက်ဖွယ် မြင်ကွင်းများကို အနားမှာဖြစ်နေသည့်အတိုင်း
အသေးစိတ်ကျစွာပြန်မြင်လိုက်ရသည်။
ထိုအခါ ကျိန်းစပ်နေသည့် ခေါင်းသည်
ပို၍ ကိုက်ခဲလာသည် ။

ဂျီမင်၏ လုပ်ရပ်များက သူ နားလည်သည့်
အကန့်အသတ်ကို လွန်သွားခဲ့ပြီ ။ ဒါဟာ
သိပ်ရက်စက်ရာ ကျလှသည် ။ ဂျီမင်ကို
အမုန်းတရား၊ ကလဲ့စားများနှင့် မပူလောင်
စေချင်ပါ ။ ဂျီမင်ကို သူ ဒီနွံမှ ကယ်တင်
နိုင်ပါ့ဦးမလား ။ သူကိုယ်တိုင်ပင် ရုန်းထွက်
နိုင်ဖို့ပင် မသေချာတော့ပေ ။

အားးး!!!!

နားစည်ကို အက်ကွဲစေနိုင်လောက်သည့်
စူးရှသည့် အသံတစ်ခုကို ကြားလိုက်ရသည်။
သေချာပေါက် ဆယ်နာ၏ အသံ ။
ဘယ်အရာတွေကို လုပ်နေပြန်ပြီလဲ ဂျီမင် ။

တောင်တန်းကြီးတစ်ခုကို ထမ်းထားရသလို
လေးလံနေသည့် ခန္ဓာကိုယ်ကို ရွေ့လျား
လိုက်သည် ။ ဂျီမင်ကို အပြစ်တွေ ထပ်မလုပ်
စေချင်ပါ ။ မကောင်းသည့်သူများသည်
အချိန်တန်လျှင် သူတို့၏ မကောင်းကျိုးများကို တန်ပြန်ခံစားရမည်ပေ ။ သို့နှင့်လျက်
ကြားထဲကနေ အပြစ်များကို ဝင်မယူသင့်ပေ။

သူ၏မြင်ကွင်းများသည် မှုန်ရီဝေ့ဝါးနေပြီး
မသဲကွဲပါ ။ ခြေလှမ်းများကို သွက်လိုက်ပြီး
ခန္ဓာကိုယ်ကို အမြန်နိုင်ဆုံး ရွေ့လျားစေ
လိုက်သည် ။ လွန်ခဲ့သည့် နာရီများက
ရောက်ခဲ့ဖူးသည့် စာကြည့်ခန်းသို့
ရောက်သည့်အခါ ဂျီမင်ကို တွေ့လိုက်သည် ။

Escape From The OblivionWhere stories live. Discover now