12

1K 79 8
                                    

Unicode

" ဂျီမင်ကို ချစ်တယ်..."
ချစ်သောရဲ့ စကားအဆုံးမှာ ဂျီမင်ဟာ
လိပ်ပြာလွင့်သွားသလို မှင်သက်ကာ
စက္ကန့်ပိုင်းမျှ ငြိမ်သက်သွားသည် ။

တခဏအကြာမှာမှ တစ်ဆို့နေတဲ့ လည်ချောင်းမှနေ တုန်ယင်နေတဲ့ အသံဟာ
အစီအစဥ်မကျ ပေါ်ထွက်လာခဲ့သည် ။

" ချစ်..ချစ်သော ဘာ..ပြောလိုက်--"

" ချစ်တယ်..ဂျီမင်ကို ကျွန်တော် ချစ်မိနေပြီ"

အိမ်မက်ဆန်ဆန်ဖြစ်ပျက်သွားတဲ့
အခြေအနေတစ်ခုမှာ ဂျီမင်ဟာ အံဝင်ခွင်ကျ
ဖြစ်မနေခဲ့ ။ မျက်တောင်တွေ တဖျတ်ဖျတ်
ခတ်ရင်း စကားလုံးတွေ သီကုံးဖို့ကိုတောင်
ခဲယဥ်းနေခဲ့သည် ။

" ကိုယ်-ကိုယ် မယုံနိုင်သေးဘူး..ဒါက
တအား..အံ့သြဖို့ကောင်းလွန်းနေတယ်.."

ထိုသို့ပြောတော့ ချစ်သောက မခို့တရို့
ပြုံးသည် ။ သစ္စာပန်းစည်းကို သူ့လက်ထဲ
လာထည့်ပေးပြီး မျက်နှာအနီးကို တိုးကပ်
လာခဲ့သည် ။ လေးနက်နေတဲ့ အညိုရင့်ရောင်
မျက်ဝန်းတွေကို ကြည့်ပြီး မီးခိုးဖျော့ရောင်
မျက်စံတွေဟာ လှုပ်လီလှုပ်လဲ့ ။

" သစ္စာပန်းတွေကို တိုင်တည်ပြီးပြောတာပါ..
ဂျီမင်ကို ချစ်တယ်..."

ဂျီမင်သည် ပထမဦးဆုံးအကြိမ် အလွန်အမင်း စိတ်လှုပ်ရှားက လက်ထဲက
သစ္စာပန်းနီတွေကို တင်းကျပ်စွာ ဆုပ်ကိုင်
လိုက်မိသည် ။

တစ်ခါမှ..ဘဝတလျှောက်လုံးမှာ တစ်ခါမှ
လက်ရှိ အခိုက်အတန့်လောက် ပျော်ရွှင်တာ
မရှိခဲ့ဖူးသေး ။ စကြဝဠာတစ်ခုလုံးကို
အပိုင်စား ရရှိလိုက်သလိုမျိုး ကျေနပ်သည့်
ပီတိနဲ့ ဝမ်းသာမှုတွေက အလျှံအပယ်ကို
ဖိတ်ယိုစီးလာခဲ့သည် ။

ဘာကိုမှ၊ဘာကိုမှ မစဥ်းစားတော့ပဲ
သစ္စာပန်းစည်းကို လွှတ်ချကာ ဂျီမင်
သည် ချစ်သော၏ နှုတ်ခမ်းတွေကို
ရူးရူးမူးမူး နမ်းရှိုက်လိုက်တော့သည် ။
ဒီတစ်ခါရဲ့ အနမ်းတွေက သစ္စာပန်းရဲရဲတို့ထက်ပင် လှပနေခဲ့မှာ ၊ချစ်ခြင်းတရားတွေက
အလျှံအပယ်ကိုး ။

ခပ်သိမ်သိမ်ခါးငယ်ကို ပွေ့ပိုက်ယူကာ
အနီးက စားပွဲပေါ်ကို ပင့်တင်လိုက်ပြီး
အနမ်းတွေဟာ အဆုံးမရှိတော့ ။
အသက်ရှုရန် ခက်ခဲလာသည့်အခါ နှုတ်ခမ်းတွေကို ခေတ္တ အလွတ်ပေးပြီး လည်တိုင်
ကျော့ကျော့ဆီသို့ ဆင်းသက်လာခဲ့သည် ။

Escape From The OblivionWhere stories live. Discover now