5

1.2K 124 6
                                    

Unicode

ဖရိုဖရဲ ပုံစံဖြင့် အိမ်တော်ပြန်ရောက်လာသည့်
ဂျောင်ဂုကို အိမ်တော်ထိန်းဂိုက အထူးအဆန်း ကြည့်လာသည် ။

" သခင်လေး အဆင်ပြေရဲ့လား.."

ဂျောင်ဂုသည် ဘာကိုမှ မတုန့်ပြန်ဘဲ အခန်းကိုသာ အပြေးတက်သွားတော့သည် ။
အခန်းထဲရောက်တာနဲ့ အားယူတင်းထားရတဲ့
ခြေထောက်တွေက ခွေခနဲ လဲကျသည် ။

ကြမ်းပြင်ပေါ်ကို လက်ထောက်ထားရင်း
ဂျောင်ဂုသည် အသက်ရှူနေရသည်ကိုပင်
ခက်ခက်ခဲခဲ ။ လည်ပင်းမှ ဆစ်ကနဲ နာကျင်မှုကြောင့် အကြီးအကဲ ပြုမူခဲ့သည်တို့ကို
ပြန်စဥ်းစားကြည့်မိကာ သွေးတို့ပင်ပြောင်းပြန်
စီးဆင်းသွားသလို ခံစားလိုက်ရသည် ။

" မဖြစ်ဘူး..မဖြစ်ဘူး..."

ဂျောင်ဂုသည် ကုန်းရုန်းထရင်း ရေချိုးခန်းထဲ
ကို ပြေးဝင်ပြီး ရေပန်းကိုအဆုံးထိဖွင့်ချသည်။
မျက်နှာတွေလည်ပင်းတွေကို အသားကုန်
ပွတ်ချနေသည်မှာစိတ်လွတ်နေသူတစ်ဦးနှယ်။

" အဲဒီလို ဖြစ်လို့ မရဘူး...မဖြစ်ရဘူး..."

ဦးနှောက်ထဲမှာ အတွေးတွေက အစီအစဥ်
မကျတော့သည့်အခါ ဂျောင်ဂုသည် ရေပန်း
အောက်၌ ကွေးကွေးလေး ။ရေပူမဟုတ်ပဲ
ရေအေးကို ဖွင့်ချထားတာကြောင့် ဂျောင်ဂု
သည် ခိုက်ခိုက်တုန်အောင် ချမ်းနေပြီး
နှုတ်ခမ်းတွေပင် ပြာနှမ်းနေသော်လည်း အသိစိတ်လွတ်နေသူ တစ်ဦးလို ရေပန်းအောက်၌ ထိုင်နေဆဲ ။

အကြီးအကဲရဲ့ အပြုအမူတွေကြား ဂျောင်ဂု
ဘေးကျပ်နံကျပ်ဖြစ်လာသလို ခံစားလာရသည် ။ ရုန်းထွက်ချင်သော်လည်း ရုန်းထွက်ဖို့
မကြိုးစားနိုင်ခဲ့ ။ အကြီးအကဲရှေ့ရောက်သွားတိုင်း အသိစိတ်ပျောက်ပြီး သူမဟုတ်သည့်အတိုင်း အကြီးအကဲ ပြုသမျှမှာ ပျော်ဝင်နေသည် ။ သူ့အသိစိတ်ကို ထိန်းချုပ်လမ်းကြောင်းပေးနိုင်မဲ့အရာမရှိတော့ဘူးလား၊
ဒီတိုင်းသာဆို သူတကယ် ရူးပြီးသေမှာ....။

အေးစက်နေတဲ့ရေတွေ​ကြားမှာ အကြာကြီး
ထိုင်နေတာကြောင့် တစ်ကိုယ်လုံး ထုံကျဥ်လာပြီး မလှုပ်ချင်တော့ ။ အသိစိတ်သည်လည်း ရ,တစ်ချက် ၊ မရတစ်ချက် ။ အဖြေရှာမရတဲ့ ခံစားချက်တွေက အသည်းထဲထိ တစိမ့်စိမ့် ဝင်ရောက်လာသည့်အခါ ဂျောင်ဂုသည်
ကြံရာမရဘဲ အသားတွေကို ကုတ်ဖဲ့နေမိသည်။

Escape From The OblivionWhere stories live. Discover now