Unicode
" ဂျီမင် ဘာလို့ ကျွန်တော့်ကိုတွန်းချတဲ့အထိ
လုပ်ရက်ရတာလဲ....."ဂျီမင် ခေတ္တငြိမ်သက်သွားခဲ့သည် ။
ချစ်သော က ပြန်မှတ်မိသွားခဲ့ပြီ ။
မထူးတော့သည်မို့ ဂျီမင်သည် အံ့သြဖွယ်
မရှိတော့ပါ ။ ဂျီမင်က ဂျောင်ဂု ဘေးနားကို
တင်ပါးလွှဲ ဝင်ထိုင်လိုက်သည် ။" ချစ်လို့လေ....."
" ချစ်တာနဲ့ သတ်ပစ်ခဲ့တယ်ပေါ့...
ဂျီမင် သတ်ရဲခဲ့တယ်ပေါ့...."ဂျီမင်က ခါးသက်စွာ ရယ်သွမ်းသည် ။
ဂျောင်ဂုသည် နာကျင်နေသည့် မျက်ဝန်း
များနဲ့ နားမလည်နိုင်စွာ ဂျီမင်ကို
ကြည့်နေသည် ။" သတ်ရဲတယ် ချစ်သော..ရဲ့..ဘာလို့လဲ
သိလား...."" ကိုယ်မဟုတ်တဲ့ တစ်ပါးသူနဲ့ ချစ်သောက
မိသားစုဘဝလေး တည်ဆောက်နေမှာကို
ထိုင်ကြည့်ရမဲ့ နာကျင်မှုက ချစ်သော ကို
ကိုယ့်လက်နဲ့ သတ်လိုက်တာထက်
အဆပေါင်းများစွာ ပိုလို့...."ဂျီမင်၏မျက်လုံးသေတွေနဲ့ နှုတ်ထွက်
စကားများက သွေးအေးစွာ ကြောက်လန့်ဖို့
ကောင်းလှသည် ။ ဂျောင်ဂုမျက်နှာကို
မေးရိုးမှနေ အုပ်ကိုင်လိုက်သည့်အခါ
ဂျောင်ဂု မျက်လုံးမှိတ်ချလိုက်ပြီး မျက်ရည်
ကျလာသည် ။" မငိုနဲ့...ချစ်သော..."
" ကိုယ့်မှာ ချစ်သော မျက်ရည်တွေကို
ကြည့်ဖို့ ခံနိုင်ရည်မရှိတော့ဘူး..."ဂျီမင် နှုတ်ခမ်းသည် နဂိုထက် အနည်းငယ်
ဖြူဖျော့နေသည် ။ မီးခိုးဖျော့ရောင်
မျက်ဝန်းများသည်လည်း မှိုင်းရီကာ
ဝမ်းနည်းပူဆွေးနေမှုကို ပြသည် ။
မျက်နှာသည်လည်း ဂျောင်ဂု မှတ်မိခဲ့သည့်
ဂျီမင်နှင့် ယှဥ်လျှင် တော်တော် ပိန်ကျကာ
အများကြီး ပြောင်းလဲသွားသည် ။
ဂျီမင်သည်လည်း ချစ်သော ကြောင့်
အများကြီး ပင်ပန်းခဲ့ပြီ ။" ဂျီမင် မှားနေတာ...."
" မှားလည်း မတတ်နိုင်ဘူး...ချစ်သော...
အဆုံးထိ လျှောက်ရမှာပဲ....."ဂျောင်ဂုက ဂျီမင်ကို ခပ်ဖွဖွ ဖက်လာသည် ။
ဂျောင်ဂုသည်လည်း ဂျီမင်ကို သိပ်ချစ်ပါ
သည် ။ အဆုံးအရှုံး မခံနိုင်ပေမဲ့ သူ့တွင်
ရွေးချယ်ဖို့ အခွင့်အရေးမှ မရှိခဲ့တာ ။
ဒါပေမဲ့ သူ ဂျီမင်ကို အပြီးအပိုင် ထားခဲ့သည်
လည်း မဟုတ် ။ ခေတ္တခဏ ခွဲရုံပါပဲ ။
ဂျီမင်က သူပြန်လာမည် ဆိုသည်ကို
မယုံကြည်ပေးခဲ့ဘူး။သူက သိပ်ယုံကြည်စရာ
မကောင်းခဲ့ဘူး ထင်ပါတယ် ။
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.