17

789 66 9
                                    

Unicode

" ဂျီမင်...ကျွန်တော့်ကို ဒီ့ထက်ပိုပြီး
တိတိကျကျ ပြောပြလို့မရဘူးလား...."

သူ့စကားကြောင့် သူ့လက်တွေကို ဆပ်ပြာ
တိုက်ပေးနေတဲ့ အကြီးအကဲ ခေတ္တ
ရပ်တန့်သွားသည် ။ နောက်မှ သက်ပြင်း
သဲ့သဲ့ ချရင်း သူ့ကို ကြည့်လာသည် ။

" ဘာလို့ အရမ်း သိချင်နေရတာလဲ ဂျွန်.."

" ကျွန်တော် သတိပြန်ရလာတာ ၄လ
ရှိနေပြီ...ကျွန်တော် ဘာဆိုဘာမှ မမှတ်မိ
သလို ဘာကြောင့် ကျွန်တော် အခုလို
အတိတ်မေ့သွားရတာလဲတောင် မသိရဘူး..
ဒီကြားထဲ ကျွန်တော့်ခြေထောက်တွေကလည်း ပြန်မကောင်းလာသေးဘူး..ဂျီမင်ရာ
ကျွန်တော့်ဘက်က ခံစားချက်ကို ငဲ့ပြီး
ဂျီမင် သိသလောက် ပြောပြပေးပါ "

မျက်ရည်တွေလိမ့်ဆင်းလာရင်း ကြေ​ကွဲစွာ
ပြောလာသူကို ကြည့်ရင်း ဂျီမင် လမ်းပျောက်
လာသည် ။ ဒီနေ့က ပိတ်ရက်မို့ ချစ်သောကို
ရေချိုးပေးပြီး တစ်နေ့ကုန် အ​ချိန်ဖြုန်းမယ်
တွေးထားတာ ။ အခုလိုတွေ ဖြစ်လာတော့
ဒီအခြေအနေကနေ သူ ခေါင်းရှောင်ချင်မိသည် ။

" အတိတ်တွေက...နာကျင်စေမှာ....
မလှပဘူး...."

" ဘာတွေပဲလာလာ...ကျွန်တော် ခံနိုင်ရည်
ရှိပါတယ်...အခုလိုဘာမှမသိပဲ နေနေရတာက
ရှင်လျက်နဲ့သေနေရသလိုပဲ..."

" ကောင်းပြီလေ...ဂျွန်က သိပ်သိချင်နေမှတော့ ကိုယ်ပြောပြပါ့မယ်...အရင်ဆုံး
ရေချိုးတာကို လက်စသတ်ရအောင်...."

ချစ်သောကို အဝတ်အစားတွေ ဝတ်ပေးပြီးတဲ့နောက် ဂျီမင်ဟာ ဆိုဖာပေါ်မှာ ထိုင်ရင်း
အတန်ကြာ ငြိမ်သက်နေတယ် ။

" ပြဿနာအားလုံးရဲ့အစက ဂျွန်နဲ့ဂန်ဆယ်နာ
လက်ထပ်ပွဲ ဖျက်သိမ်းတဲ့ ကိစ္စ မဟုတ်ဘူး...
ဒီ့ထက် ပိုကြီးမားတဲ့ ကိစ္စ...."

ဂျီမင်က အစချီလိုက်ရင်း အတိတ်၏
စာမျက်နှာတွေဆီ ရောက်ခဲ့သည် ။

×
" ဂျီမင်ရာ..ကျွန်တော် တကယ်စိတ်ရှုပ်တယ်..
အဖေရော...ဆယ်နာရောက အလျော့မပေးကြဘူး...."

ချစ်သောက ဂျီမင်ရင်ခွင်ထဲကို တိုးဝင်ရင်း
စိတ်ရှုပ်စွာ ပြောလာသည် ။

Escape From The OblivionWhere stories live. Discover now