Unicode
မိုးတိတ်ခါစ အချိန်ဖြစ်သည်မို့ မြေသင်းနံ့လေးတွေက လေထုထဲဝယ် ပျံ့နှံ့နေသည် ။
ရွက်စိမ်းများပေါ်တွင်လည်း မိုးရေပေါက်များက တွဲလွဲခိုလျက်ရှိသည် ။ ပြတင်းတံခါးမှ ဖြတ်ဝင်လာသည့် လေတွင် မိုးမှုန်များ
ပါဝင်စပ်ယှက်လျက်ရှိသည် ။ဂျောင်ဂုသည် ပြတင်းဘောင်ပေါ်လက်တင်၍
မိုးငွေ့ပါသည့်လေထုကို ခံစားကာ အပြင်ကို တွေတွေလေး ငေးနေပုံသည် ဂျောင်ဂု၏
အတွေးတို့က အဝေးတစ်နေရာဆီ လွင့်ပျံ့
နေသည်ဆိုသည်မှာ သိသာလှသည် ။" သခင်လေး "
အခန်းအပြင်မှ အိမ်တော်ထိန်းကြီး အသံကြောင့် ဂျောင်ဂု အတွေးစတို့ ပြတ်တောက်
သွားသည် ။" ပြောပါ.."
" မမလေး ဆယ်နာ ရောက်နေပါတယ်..
အဲ့ဒါကြောင့်သခင်ကြီးကဆင်းတွေ့ပါအုန်းတဲ့"" ဟင်..ဆယ်နာရောက်နေတာလား...ကျွန်တော်လည်း မချိန်းထားမိပါဘူး "
ဂျောင်ဂုသည် အင်္ကျီကို သေသေသပ်သပ်
ဖြစ်အောင် ပြင်ဝတ်လိုက်သည် ။ ပြီးနောက်
အရောင်တောက်နေသော ကျွန်းလှေကားအတိုင်း ဆင်းလာသည် ။" ဆယ်နာ ဘာလာလုပ်တာလဲ..ကို တို့
မချိန်းထားဘူးလေ.."" သားကလည်း...သမီးက မကြာခင်
ဒီအိမ်နဲ့ သက်ဆိုင်သူ ဖြစ်တော့မှာပဲ..
ဘယ်ချိန်လာလာပေါ့..."
အဖေက ကြားက ဝင်ပြောသည် ။ သို့သော်
ဂျောင်ဂု မျက်ခုံးတန်းများသည် တွ့န်ချိုးသွားသည် ။" နောက်ဆို ကို တို့ မချိန်းထားပဲ အိမ်တော်ကို
မလာပါနဲ့..ကို တို့က အခုထိ သူစိမ်းတွေ
ဖြစ်နေသေးတယ် "" ဂျောင်ဂု !! "
အဖေက လေသံမာမာဖြင့် ဆိုလာသည် ။" ကို-ကို..ဆယ်နာက- "
" ကို အိမ်ပြန်လိုက်ပို့ပေးမယ်...ဆယ်နာ..."
ဂျောင်ဂုသည် ကားသော့ယူ၍ ဆယ်နာ့လက်ကို ဆွဲကာ ကားဆီသွားသည် ။ ကားမောင်း
သည့်တလျှောက် ဂျောင်ဂု၏ကားအရှိန်သည်
စိတ်မကြည်လင်မှုကြောင့် ဖြစ်မည်ထင့်
ပုံမှန်ထက် မသိမသာ မြန်နေသည် ။" ဆယ်နာတို့က လက်ထပ်ရတော့မဲ့သူတွေလေ..အဲ့ဒါ အခုထိ သူစိမ်းတွေပါလို့ ကိုက
ဆယ်နာ့ကို ပြောချင်တာလား.."
ဆယ်နာက လေသံအေးအေးဖြင့် ဂျောင်ဂုကို
ခနဲ့သည် ။
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.