Unicode
" လက်ထပ်ပွဲကို နောက်နှစ်ရွေ့လိုက်တယ် "
တိတ်ဆိတ်နေသော မနက်စာ စားဝိုင်းမှ
ထွက်ပေါ်လာသည့် စကားသံ ။" ဘာဖြစ်လို့လဲ..အစက အဖေတို့ပဲ အသည်း
အသန် လုပ်ချင်နေတာ မဟုတ်ဘူးလား "
ဂျောင်ဂုက သိပ်ဂရုမစိုက်ဟန်ဖြင့်ပေါင်မုန့်ကို စားမပျက်..။" အေး...ဒါပေမဲ့ မင်းနဲ့ ဆယ်နာတို့ကို ပိုပြီး
ရင်းနှီးစေဖို့ ငါတို့မိဘတွေ ရည်ရွယ်ပြီး ဆုံးဖြတ်လိုက်တာပဲ..."ဂျောင်ဂုသည် မနက်စာစားလက်စကို ရပ်တန့်လိုက်ပြီး သူ့အဖေကို ကြည့်သည် ။ ဆယ်နာနဲ့
သူနဲ့ ပိုရင်းနှီးအောင်...၊ယုတ္တိမရှိတဲ့လုပ်ရပ်ကို
လုပ်ခိုင်းနေတာပဲ ။ မိုးပေါ်က နတ်ဘုရားတွေ
ဆင်းပြီး လက်တွဲပေးတောင် သူနဲ့ဆယ်နာက
ဘယ်တော့မှ တွဲဖက်ညီလာမှာ မဟုတ်တာ...၊
မိဘတွေက ဘာတွေ မျှော်လင့်နေတာလဲ ။" စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက်
ကျွန်တော်တို့နှစ်ယောက် ရင်းနှီးဖို့က လိုအပ်လို့လား..အရေးကြီးလို့လား..."" မင်း ဆယ်နာ့ကို မချစ်ဘူးလား...ဂျောင်ဂု "
အဖေ့အမေးမှာ ဂျောင်ဂုက တွန့်ခနဲပြုံးသည်။" သဘောတောင် မကျတာ..ချစ်ဖို့ဆိုရင်..."
ကော်ဖီခါးခါးကို တစ်ငုံလောက် ငုံရင်း
ပြန်ဖြေလိုက်သည့် သူ့အဖြေကြောင့် အဖေက
စူးရဲစွာ စိုက်ကြည့်လာသည် ။" အဲဒါဆိုဘာလို့ လက်ထပ်ဖို့လက်ခံသေးလဲ"
သူ့အဖေရဲ့ မျက်နှာပြောင်ပြောင် မေးခွန်းကြောင့် ခြောက်ကပ်စွာ ရယ်လိုက်သည် ။" ငါပြောတာရယ်စရာပါသွားလို့လား
ဂျောင်ဂု.."ဂျောင်ဂုသည် အရယ်ရပ်လိုက်ပြီး မျက်နှာ
ချင်းဆိုင်က သူ့အဖေကို သေသေချာချာကြည့်လိုက်သည် ။ အကြည့်တွေကတော့သေချာပေါက် မနှစ်မြို့သည့် အကြည့်တွေ ။" တကယ်ပဲ မသိလို့ မေးတာလား..မသိချင်ယောင်ဆောင်နေတာလား...ဆယ်နာနဲ့လက်ထပ်မှ အဖေတို့လုပ်ငန်းတွေ ပိုချဲ့ထွင်နိုင်မှာဆို...ဂျွန်အိမ်တော်က အာဏာတွေ
ပိုရလာမှာဆို...ဒါထက် ကျွန်တော့်မှာရော..
ရွေးပိုင်ခွင့်ရှိလို့လား.."

YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.