19

713 64 11
                                    

Unicode

ယနေ့မနက်ခင်းက သိပ်ပြီး မအေးသည်မို့
တစ်ခါတည်း ရေချိုးရန် စိတ်ကူးမိသည် ။
ဂျီမင်ကိုလည်း တစ်ကူးတက ခေါ်မနေချင်
တော့သောကြောင့် ကိုယ့်အားကိုယ်ကိုးကာ
ရေချိုးကန်ထဲ ရေနွေးနဲ့ရေအေးကို
အဆင်ပြေအောင် ရောစပ််လိုက်သည် ။

ခြေထောက်အခြေအနေ အခုလို ဖြစ်သည်မှာလည်း တစ်နှစ်နီးနီးပင် ဖြစ်လုနေပြီမို့
လုပ်ရကိုင်ရသည်မှာ အခက်အခဲမရှိဘဲ
နေသားကျနေပြီဖြစ်သည် ။

အဝတ်အစားတို့ကို ချွတ်လိုက်ပြီး ရေချိုးကန်
ထဲသို့ ဝင်လိုက်တော့ အကြောအချင်တို့
ပြေလျော့သွားသည် ။ အစပိုင်းမှာ အားလုံးက ပုံမှန်ဖြစ်နေပေမဲ့ တစ်အောင့်အကြာ
ဂျောင်ဂု တစ်ယောက် ထိတ်လန့်မှုနှင့်အတူ
မယုံကြည်နိုင်မှု အရိပ်အယောင်တွေ
ဖြစ်ပေါ်လာသည် ။

" ခြေ..ထောက်က...."

မခံစားရတာကြာပြီဖြစ်သော ရေနွေးနွေး၏
ရိုက်ခတ်မှုကို သူ၏ခြေထောက်တွေမှာ
ခံစားလိုက်ရသည် ။ အာရုံခံစားနိုင်စွမ်းတွေ
ပြန်ကောင်းလာပြီလား......။

ဂျောင်ဂုသည် သူ၏ ကိုယ်ပိုင်နည်း
ကိုယ်ပိုင်ဟန်ဖြင့် ဂျီမင်တိုက်သည့် ဆေးတွေ
ကို မသောက်သည်မှာ ၃လကျော်ပြီ
ဖြစ်သည် ။ ဒါသည် ပထမဆုံး ထူးခြားသည့်
ဖြစ်စဥ်ပဲ ။ ဒီလိုသာ ဆက်သွားဖြစ်ရင်
သူ ပြန်ကောင်းရန် အချိန်သိပ်မလိုတော့မှန်း
သူ နားလည်လိုက်သည် ။

ခြေချောင်းလေးတွေကို လှုပ်ကြည့်ပေမဲ့
မအောင်မြင် ။ သို့ပေမဲ့ ကြွက်သားတွေ
တင်းသောကြောင့် ဖြစ်သော နာကျင်မှုကို
အနည်းငယ် ခံစားမိသည် ။

ရင်ထဲကဆို့တက်လာသည့် ပျော်ရွှင်မှုနှင့်အတူ မျက်ရည်တချို့သည် ထိန်းမနိုင်စွာ
စီးကျလာသည် ။

ဘဝတစ်ခုလုံးကို ဒီအိမ်ကြီးမှာထဲ
ပြီးသွားတော့မယ် ထင်နေခဲ့တာ.....။

ဂျောင်ဂုအတွက် ဒီနေ့က ဒီမှိုင်းညို့နေသည့်
ပတ်ဝန်းကျင်နှင့် အေးငွေ့ငွေ့ အိမ်ကြီးထဲမှာ
ပထမဆုံးအကြိမ် နွေးထွေးသော ပျော်ရွှင်မှု
တစ်ခုကို ခံစားမိခြင်း ဖြစ်ပေမလား ။

Escape From The OblivionWhere stories live. Discover now