13

907 84 9
                                    

Unicode

ဂျီမင်နဲ့ ချစ်သူဖြစ်တာ တစ်လကျော်ခဲ့ပြီ ။
ထိုကတည်းက ဂျောင်ဂုဟာ ပျော်ရွှင်မှုကို
လက်ဝယ်ရရှိထားသလို နေ့စဥ်နေ့တိုင်းဟာ
အပြုံးတွေဖြင့် ဝေဆာနေပြီး လောက၏
အပျော်ဆုံးလူသားတစ်ယောက် ဖြစ်နေခဲ့သည်။

ဆယ်နာနဲ့လည်း ပြဿနာဖြစ်ပြီးကတည်းက
စကားမပြောဖြစ်ပေ။ လက်ထပ်ပွဲ
ဖျက်မည့် အကြောင်းကတော့ မိဘတွေကို
ဖြည်းဖြည်းချင်း အသိပေးဖို့ လုပ်ထားသည်။
လက်မခံလည်း အတိုက်အခံလုပ်ဖို့ ဂျောင်ဂု
စဥ်းစားထားပြီးသား ။ ဖခင်ကို ကြောက်လန့်
ငုံ့လျှိုးနေရတာလည်း တော်ပြီပေါ့ ။

အမှန်တိုင်းပြောရင် ဂျောင်ဂုက ဂျီမင်ဆီကို
လျှောက်သွားဖို့ ဆုံးဖြတ်လိုက်ကတည်းက
ဂျောင်ဂုဆီမှာ တစ်ခါမှ မရှိဖူးတဲ့ သတ္တိတွေ
ရလာခဲ့တာ ။ အရာရာကို ကိုယ်ဖြစ်ချင်တဲ့
အတိုင်း လုပ်ဆောင်နိုင်ဖို့ ၊ ကိုယ်ပိုင်ဘဝနဲ့
နေထိုင်နိုင်ဖို့ ဂျောင်ဂု ကျယ်ကျယ်ပြန့်ပြန့်
တွေးလာနိုင်ခဲ့တယ် ။

" သခင်လေး အိမ်တော်ရောက်ပါပြီ.."

ဂျောင်ဂု အတွေးများနေမိတာ အိမ်တော်
ပြန်ရောက်တာတောင် သတိမထားမိလိုက်။
ဂျောင်ဂုသည် လက်ဆွဲအိတ်လေးကို ကိုင်ကာ
ကားပေါ်က ဆင်းလိုက်သည် ။ အိမ်ထဲကို
ဝင်ခါနီးမှ တစ်ချက်ပြန်လှည့်လာပြီး
ကားသိမ်းရန်ပြင်နေသည့် ဒရိုင်ဘာကြီး
ပြန်လျှောက်လာသည် ။

" ဦးလေး.."

" သခင်လေး..တစ်ခုခုများ ကျန်ခဲ့လို့လား.."

" မဟုတ်ပါဘူး..ဒါလေး ပေးချင်လို့...
ဟိုတလောက ဦးလေး ဒူးနာနေတယ်
ကြားလို့..ဒါလေး ညတိုင်းဖျော်သောက်
သက်သာတယ်တဲ့..."

" အယ်...သခင်လေးရယ်...အဲဒီ့လောက်ကြီး
မလိုပါဘူး.."

" အော်...ယူပါဗျာ..ကျွန်တော် ဒါ ဆရာဝန်ကို
သေချာမေးပြီး ဝယ်ခဲ့တာဗျ..."

" သခင်လေး ကျေးဇူး မမေ့ပါဘူးဗျာ..."
ဒရိုင်ဘာဦး​လေးကြီးက မျက်ရည်ဝဲတဲ့တဲ့ဖြင့်
ကျေးဇူးတင်ကြောင်း ပြောသည် ။ ဂျောင်ဂု
က အချိုသာဆုံးပြန်ပြုံးပြကာ အိမ်ထဲ
ဝင်ခဲ့သည် ။

Escape From The OblivionWhere stories live. Discover now