Unicode
အချိန်ကား သန်းခေါင်ယံဖြစ်သည် ။
မှိန်ပြပြမီးရောင်သာရှိသော အခန်း၌
ဂျောင်ဂုသည် အိပ်ရာပေါ်တွင်
ဟိုလှိမ့်ဒီလှိမ့်ဖြင့် အိပ်မရဖြစ်နေသည် ။
အတန်ကြာသည်အထိ မှေးစက်မရသည့်အခါ
ဂျောင်ဂုသည် အိပ်စက်ခြင်းကိုလက်လျော့လိုက်ဟန်ဖြင့် ထထိုင်လိုက်တော့သည် ။အိပ်ဆေးတွေ သုံးလုံးလောက် သောက်ထားပါရက်တောင် အိပ်မရဖြစ်နေသည်က အဘယ်အကြောင်းကြောင့်များပါလိမ့် ။
" အကြီးအကဲ....ဟူးးး..."
အကြီးအကဲ...အကြီးအကဲ....
အတွေးတွေထဲ အတော်ကိုမှဒုက္ခပေးနေသည့်
အကြီးအကဲ ။ အကြီးအကဲဆီမှ အနမ်းဖွဖွကို
ရပြီးကတည်းက ဂျောင်ဂုမှာ အိပ်ရခက်
စားရခက်နဲ့ အရာရာမှာ အချော်ချော်အလွဲလွဲတွေ ဖြစ်နေရသည် ။ဘာကြောင့် နမ်းလိုက်တာလဲ ၊ ဘာသဘောထားနဲ့ နမ်းလိုက်တာလဲ ဟူသော
မေးခွန်းတွေက စက္ကန့်တိုင်း၊စက္ကန့်တိုင်းမှာ
ဦးနှောက်ထဲ တဝဲလည်လည် ။ဦးနှောက်ဖြင့် စဥ်းစားမရတော့သည့်အခါ
တည့်တိုးသွားမေးရအောင်လည်း ဂျောင်ဂုမရဲ။အကြီးအကဲလေ...သူနဲ့ ခင်မင်ရင်းနှီးနေတဲ့
လူတွေမှ မဟုတ်တာ ။ သိတာဖြင့် တစ်လ
နီးနီးပဲ ရှိသေးတာ ။" တကယ် ရူးချင်တယ်..."
မနက်ဖြန်ကျရင် မိသားစု ညစာစားပွဲကို
တက်ရအုန်းမည် ။ အခုမှ မအိပ်လျှင်
မနက်ဖြန် အတော်ကို ပုံပျက်နေမှာ ဖြစ်ကြောင်း ဂျောင်ဂုသိနေသည် ။
အိပ်ပျက်ထားတဲ့ ညတွေကလည်း များနေပြီမို့ လူကလည်း မလန်း ၊ မျက်တွင်းတွေလည်း
ချိုင့်နေပြီ ။ခေါင်းအုံးပေါ်ကို တစ်ဖန်ပြန်လှဲချလိုက်သည်။ အိပ်ဖို့ကြိုးစားလိုက်သည်နဲ့ ပြန်ပြီး
ယောက်ယက်ခတ်လာတဲ့ အတွေးတွေ ။
ဆယ်နာနဲ့ကလည်း လက်ထပ်ခါနီးမှ
အဆင်မပြေတာတွေက ပိုပြီးများလာသည် ။သူတို့နှစ်ယောက်က လိုက်ဖက်ညီမှုမှ မရှိတာ။ အကြိုက်ကအစ ဆန့်ကျင်ဘက် ။
စီးပွားရေးအတွက်သာ မဟုတ်လျှင် သူတို့
နှစ်ယောက်က သူငယ်ချင်းအနေနှင့်တောင်
နေလို့ရမည် မဟုတ်ပေ ။ သို့သော်လည်း
နှစ်ယောက်လုံးမှာ ရွေးချယ်ခွင့် မရှိခဲ့ ။

YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.