11

1K 93 15
                                    

Unicode

နှလုံးအိမ်တစ်ခုလုံး အရှိန်ပြင်းပြင်း
လှုပ်ခါနေတာ နှလုံးရောဂါပင် ရတော့မည့်သဖွယ် ။ ဂျောင်ဂုသည် သန့်စင်ခန်းထဲမှ ကသောကမျော ပြေးထွက်လာပြီး
လောကကြီးတစ်ခုလုံး ချာချာလည်နေခဲ့သည်။

အကြီးအကဲကို သူ ဘာလို့ အရင်စပြီး
နမ်းမိလိုက်တာလဲ...။

အဖြေမပေါ်သည့် မေးခွန်းတစ်ခုသည်
ဦးနှောက်၏အတွေးစက်ဝန်းထဲမှာ မုန်တိုင်း
သဖွယ် တိုက်ခတ်နေသည် ။ အမြင်အာရုံ
တွေဟာ စိတ်လှုပ်ရှားနေမှုကြောင့်
မရှင်းမလင်း၊ လမ်းမှာ အမျိုးသမီးတစ်ယောက်နဲ့ ဝင်ကာတိုက်မိလေတော့သည် ။
ထိုအမျိုးသမီးကား ဆယ်နာ..။

" ကို...!"

" ဆယ်-ဆယ်နာ..."
သူခိုးလူမိသလို ခံစားချက်ကြီးကို ဂျောင်ဂု
မကြိုက်ပေ ။ သို့သော်လည်း မျက်စံတွေဟာ
အငြိမ်မနေနိုင်၊ ဟိုဟိုဒီဒီလျှောက်ကြည့်ကာ ဆယ်နာ့ကို ဆွဲထူပေးဖို့တောင် မေ့နေခဲ့သည်။

" ကို..ဆယ်နာကို ထူပေးပါအုန်း.."
ဆယ်နာ ပြောလာမှ ဂျောင်ဂု သတိရပြီး
ဆယ်နာ့ကို လက်ကမ်းပေးမိသည် ။
ဆယ်နာသည် ဂျောင်ဂုလက်ကို ဆွဲကိုင်ကာ
ထလာပြီး သူမအင်္ကျီတွင် ဖုန်ပေသွား
သောကြောင့် ခပ်ဖွဖွ ခါချနေသည် ။

ထိုအချိန်မှာပဲ ဆယ်နာနှင့်ဂျောင်ဂုဘေးနားက
ဖြတ်လျှောက်သွားသော အနက်ရောင်လူ..။
အံ့သြစရာကောင်းလှသော အဖြစ်အပျက်ဟာ တပြိုင်တည်း ဖြစ်သွားခဲ့သည် ။

ဖြည်ချထားတာကြောင့် ဝဲခါနေတဲ့
ဆယ်နာ့ဆံနွယ်ရှည်တွေဟာ ထိုအနက်ရောင်
လူရဲ့လက်ထဲမှာ ငြိပါသွားခဲ့သည်...
အမှန်တိုင်းဆိုရလျှင်တော့ ငြိပါသွားခဲ့
ယောင်သာ၊ စင်စစ်မှာကား ဆံပင်တွေကို
ဆွဲဆောင့်သွားတာ ။

ဆယ်နာဟာ ဆံပင်မှဆောင့်ဆွဲခံရတာကြောင့်
ပုံပျက်ပန်းပျက် အနောက်ကို လန်ကျလေသည်။ ဂျောင်ဂုသည် မျက်လုံးအဝိုင်းသားဖြင့် ကြည့်ကာ ဘာဆို ဘာလုပ်ရမှန်း မသိခဲ့ ။
အားပြင်းပြင်းနဲ့ ဆွဲလိုက်တာကြောင့်လည်း
ဆယ်နာရဲ့ ဆံစတချို့ပင် ကျွတ်ထွက်ကုန်သည်။ဆယ်နာ့ရဲ့အော်သံဟာလည်း စူးကနဲ။

Escape From The OblivionWhere stories live. Discover now