ချစ်သောကို အိမ်တော်အထိ လိုက်ပို့ပေးခဲ့ပြီး
အပန်းဖြေစံအိမ်ကိုသာ ပြန်ခဲ့လိုက်သည် ။
စိတ်အခြေအနေသည် မှိုင်းပြပြနှင့်...။ချစ်သော,က သူ့စကားကို သဘောတူလိုက်တယ် ဆိုတာယုံကြည်မှုရှိလွန်းစွာ ဖြစ်သည်။ ဒါဟာ သူ့ကို ဘယ်သောအခါမှ ချစ်သော,က
ပြန်ချစ်လာမှာ မဟုတ်နိုင်ဘူးလို့ တထစ်ချတွက်ပြီး လက်ခံလိုက်တာမှန်းသူ သိသည်။ဒါပေမဲ့ သူ့မှာ ကြိုးစားပိုင်ခွင့် ရလာပြီမလား၊
အပိုင်သိမ်းလိုက်ပြီး တစ်သက်စာအမုန်းခံရမဲ့
အခြေအနေအစား တရားသောနည်းလမ်းနဲ့
ကြိုးစားခွင့်တစ်ခုရလာခဲ့တာ သူကောင်းချီး
ပေးခံရတာပါပဲ ။အပန်းဖြေစံအိမ်ရဲ့ အပေါ်ဆုံးထပ်ကို
တက်လာခဲ့လိုက်သည် ။ ဘာဆိုဘာမှ
လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိ ၊ အဝတ်
အားလုံးချွတ်ချကာ ဝီစကီတစ်ပုလင်း
ဆွဲယူပြီး ရေချိုးကန်ထဲကို ဝင်လိုက်သည် ။နွေးစိမ့်စိမ့် ရေမှာ ပန်းရောင်စုံသေးသေးလေးတွေကလည်း မျောနေလျက် ။ ခြေထောက်
နှစ်ဖက်ကို ရေကန်ဘောင်ပေါ်တင်ထားလိုက်ပြီး ဝီစကီကို ခွက်ပင်မယူဘဲ ပုလင်းလိုက်မော့လိုက်တော့ စူးရှတဲ့ ခံစားချက်က ပုံမှန်
သောက်နေကျတွေနဲ့မတူ ။ဝီစကီသောက်ရင်း အတွေးက ယမန်ညကို
ရောက်သွားသည် ။ မနေ့ညက မပြန်ခင်လေး
ချစ်သောနဲ့ ဝိုင်သောက်ဖြစ်ခဲ့တယ် ။
အစကတည်းက ချစ်သောက သိပ်မသောက်နိုင်တဲ့သူမှန်းသိလို့ သိပ်မပြင်းတာကို ယူခဲ့တာတောင်မှ ချစ်သောက မတောင့်ခံနိုင် ။ရီဝေဝေဖြစ်နေတဲ့ အခြေအနေတစ်ခုမှာ
ထိုညရဲ့ မြောက်လေအေးကလည်း စိတ်လွင့်စေသည်အထိ စွမ်းဆောင်သည် ။ ဝိုင်တွေ
တင်ကျန်နေတဲ့ နှုတ်ခမ်းပါးတွေကို
ခွင့်မတောင်းပဲနမ်းမိတော့ ချစ်သောက
အစပိုင်း ရုန်းတယ် ၊ နောက်တော့လည်း
ဖြည်းဖြည်းချင်း မျောပါလာတာ အနမ်းကိုတောင် ပြန်တုန့်ပြန်လာတဲ့အထိ ။လွန်လွန်ကျူးကျူးတွေ မဖြစ်ခဲ့ရုံတမယ်ပဲ
ချစ်သောမှာ ဖရိုဖရဲဖြင့် အပေါ်ပိုင်းမှာ
အဝတ်တောင် မကပ်တော့တဲ့အထိ သူတို့
မူးရူးပြီး နမ်းခဲ့ကြတာ ။ ချစ်သောဟာ
သူ့ပေါင်ပေါ်မှာ ခွထိုင်လျက်ပင် အနမ်းတွေကြား ရူးရူးမူးမူး လွင့်မျောနေခဲ့တယ် ။
YOU ARE READING
Escape From The Oblivion
Fanfiction[Completed] PJM × JJK Don't try to remember about the chaotic past, just sleep in the Oblivion.