15

1K 78 19
                                    

Unicode

မနက်ခင်းမှာ မိုးက ခပ်ဖွဲဖွဲရွာကျနေသည် ။
အေးစိမ့်စိမ့် မနက်ခင်းဟာ ကော်ဖီတစ်ခွက်နဲ့
အစပြုဖို့ အတော်လေး လိုက်ဖက်လှသည် ။

အငွေ့တထောင်းထောင်း ထနေသော
ကော်ဖီနှစ်ခွက်ကို စားပွဲပေါ် သေချာတင်ခဲ့ရင်း အိပ်နေသေးသူကို နှိုးရန် အပေါ်ထပ်ကို
တက်ခဲ့လိုက်သည် ။

အခန်းကို အသာဟ,ဝင်လာတော့ စောင်ပုံ
ကြားမှာ အိပ်ပျော်နေဆဲ ချစ်သော ။
အနီးနားက စားပွဲမှာလည်း စာရင်းစာရွက်
တွေနဲ့ ရှုပ်ရှက်နေသည် ။ မနေ့ညက
စာရင်းတွေ မပြီးသေးဘူး ထင်ပါတယ် ။

ဂျီမင် အရင်ဆုံးမနှိုးသေးဘဲ ရေချိုးခန်းထဲ
ဝင်ကာ ရေနွေးစပ်လိုက်ပြီး ရေချိုးရန်
အသင့်ပြင်ထားလိုက်သည် ။ ပြီးနောက်
ရေချိုးပြီးဝတ်ရန် အဝတ်အစားကိုပါ
ရွေးထုတ်လိုက်သည် ။

" ချစ်သော...."
နား,နားကပ်ကာ ခပ်ဖွဖွခေါ်လိုက်သော်လည်း
ပင်ပန်းနေသူက မနိုး ။ တစ်ခါတခါကျ
ချစ်သော က အလုပ်ကြိုးစားလွန်းလှသည် ။
ပင်ပန်းနေတောင်မှ အလုပ်မပြီးလျှင်
မနားသောကြောင့် သူ့မှာ ချစ်သော ကို
နားနားပြီး လုပ်ဖို့ သတိပေးရတတ်သည် ။

မနေ့ကလည်း မိုးလင်းပေါက်နီးနီးကို
စာရင်းတွေ လုပ်နေသောကြောင့် သူ့မှာ
အိပ်ရာပေါ်အတင်းဆွဲတင်​ပြီး အိပ်ခိုင်း
ရသေးသည် ။ စိတ်ကောက်သွားပေမဲ့လည်း
မတတ်နိုင် ၊ ချစ်သော ကျန်းမာရေးက
ပိုအရေးကြီးသည်လေ ။

" ချစ်သော ရေ...ထတော့...ရေချိုးရအောင် "

ဂုတ်ထောက်နေတဲ့ ဆံပင်တွေကို သပ်တင်ပြီး
ပြောတော့ မပွင့်တပွင့် မျက်ဝန်းများဖြင့်
သူ့ကို ကြည့်လာသည် ။

" အိပ် ချင် သေး တယ်..."

" မနက်စာ စားပြီးမှ ပြန်အိပ်ချင် အိပ်....
အခုတော့ ရေချိုးရအောင်..ကိုယ်ချိုးပေးမယ်"

" အွန်း....."
အိပ်ချင်မူးတူးဖြင့် ကုန်းရုန်းထလာသော်လည်း ကောင်းကောင်းနိုးဟန်မတူ
ယိုင်ကာထိုးနေသောကြောင့် ဂျီမင်ကပဲ
ပွေ့ချီပြီး ရေချိုးခန်းဆီ ခေါ်သွားလိုက်သည် ။

Escape From The OblivionWhere stories live. Discover now