1.မင်္ဂလာဦးညတွင်သရဲခင်ပွန်းနဲ့အတူအိပ်စက်ခြင်း

2.5K 203 9
                                    

Unicode and Zawgyi

ကျိရန်အတွက်ကြောက်စရာအကောင်းဆုံးအရာမှာသေဆုံးခြင်းလည်းမဟုတ်သလိုကူးပြောင်းခြင်းလည်းမဟုတ်ပေ။ယောက်ျားတစ်ယောက်ဖြစ်တဲ့ သူက အခုလက်ရှိမှာသတို့သမီးတစ်ယောက်လိုဝတ်စားဆင်ယင်၍သတို့သမီးထိုင်ရာခုံ‌တွင်ထိုင်နေရပြီးသူလက်ထပ်ရမယ့်သူမှာလည်းအနက်ရောင်ကျောက်တိုင်တစ်ချပ်သာဖြစ်သည်။

သူဘယ်လိုမျိုးဒီလိုအဆုံးသတ်ခဲ့ရတာလဲ?ဒါတွေအကုန်လုံးဟာလွန်ခဲ့တဲ့လဝက်ခန့်ကစတင်ခဲ့ခြင်းပင်။

စိုက်ပျိုးရေးတက္ကသိုလ်မှဘွဲ့ရပြီးနောက် ကျိရန်က သုတေသနတွေလုပ်ဖို့ရာအတွက်မြို့မှာမနေဘဲမွေးရပ်မြေကိုပြန်ကာလယ်သမားဖြစ်လာခဲ့တယ်။မြေငှားရမ်းပြီးနောက်စိုက်ပျိုးဖို့အတွက်အခြေခံအုတ်မြစ်တွေတည်ဆောက်ခဲ့တယ်။အရာအားလုံးကကောင်းမွန်စွာလည်ပတ်နေခဲ့ပြီး အကျိုးအမြတ်အများကြီးရိတ်သိမ်းနိုင်မယ်လို့လည်းသူမျှော်လင့်နေခဲ့တယ်။ဒါပေမယ့် သူမိုးကြိုးပစ်ခံခဲ့ရပြီး တောင်ပိုင်းမင်းဆက်ကာလဆီကိုတစ်နည်းနည်းဖြင့်ကူးပြောင်းသွားခဲ့တယ်။

နောက်ပြီးဒါကအဆိုးဆုံးအပိုင်းမဟုတ်သေးဘူး!အခြားသူတွေရှေးခေတ်ကာလကူးပြောင်းသွားရင် အာဏာရှိတဲ့လူပဲဖြစ်ဖြစ်ချမ်းသာတဲ့သခင်ငယ်လေးပဲဖြစ်ဖြစ်ပြန်လည်မွေးဖွားကြ‌ပေမယ့် သူကတော့ကျိရန်ဆိုသည့်မိဘမဲ့တစ်ဦးအဖြစ်မွေးဖွားလာခဲ့ပြီး ဖခင်ကသုံးနှစ်အရွယ်တွင်သေဆုံးခဲ့ပြီးမိခင်ကလည်းငါးနှစ်သားအရွယ်တွင်သေဆုံးသွားခဲ့သည်။အားကိုးစရာလူဆိုလို့တစ်ယောက်မှမရှိသဖြင့် သူ့ရဲ့ဆိုးရွားတဲ့အဒေါ်၏ရောင်းစားခံရမလိုတောင်ဖြစ်ခဲ့သည်။ကံကောင်းစွာနဲ့ပဲသူ့အဖိုးကသူမကိုတားခဲ့သည်။နောက်ပိုင်းတွင်ရွာလူကြီး၏အကူအညီဖြင့်သူ့အဖေ၏အစ်ကိုအကြီးဆုံးဖြစ်သော ဦးလေးဖြစ်သူက မွေးစားခဲ့သည်။ပထမတွင်ဦးလေးနဲ့သူ့ဇနီးကသူ့ကိုအိမ်မှာမထားချင်ကြတာမို့ အခြားကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ပေးဖို့ဆင်းရဲလွန်းသည်ဟုဆိုကြတယ်။အဖိုးကသူ့ရဲ့စုဆောင်းငွေတွေအားလုံးပေးပြီးနောက်မှသာသဘောတူခဲ့ကြတယ်။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now