16.အကြီးစားရိတ်သိမ်းမှု

790 89 9
                                    

Unicode and Zawgyi

ကျိရန်ကစားသောက်ပြီးနောက်မှာရွားသားတစ်ယောက်ဆီကငှားထားတဲ့တောင်းကိုထမ်းပြီးသူတို့နှစ်ယောက်တောင်ပေါ်ကိုပြန်သွားကြတယ်။

ဒီတစ်ကြိမ်တော့ကျိရန် ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းရောက်သွားတယ်။တောင်ပေါ်မှာအဖိုးတန်ဆေးဖက်ဝင်အပင်တွေ ရှိမရှိသူသိချင်တယ်။ ဒါဆိုရင်ဆေးဆိုင်မှာသွားရောင်းလို့ရတယ်လေ!ကျိရန်ကမူလခေတ်မှာလယ်သမားမိစုမှာမွေးဖွားလာတာ‌ကြောင့် မြို့မှာကြီးပြီးကျေးလက်ကိုတစ်ခါမှမရောက်ဖူးသူတွေထက်တော့ ဟင်းသီးဟင်းရွက်အကြောင်းကောင်းကောင်းသိပါသေးတယ်။ဆေးဖက်ဝင်အပင်ကြီးအပင်ငယ်တွေက တော‌၊တောင်တွေမှာပေါက်ဖွားကြ၏။အဲ့တာကလည်းအခြေခံအသိပညာတစ်ခုသာဖြစ်တယ်

မူလခေတ်မှာ ကျိရန်ကစိုက်ပျိုးရေးအခြေစိုက်စခန်းတစ်ခုတွင်အလုပ်လုပ်ဖူးခဲ့သော်လည်း သူ့အဖိုးက လယ်သမားတစ်ဦးဖြစ်ပြီး သူအသက်ရှင်တုန်းကရွာမှာနာမည်ကြီးအချိန်ပိုင်းဆရာဝင်တစ်ဦးဆိုလည်းဟုတ်တယ်။ကျိရန်ကသူ့အဖိုးနဲ့အတူအချိန်များစွာအတူကုန်ဆုံးခဲ့ပြီး အဖိုးရဲ့ဆေးပညာဗဟုသုတတွေကလည်းသူ့မှာအနည်းအကျဉ်းတော့ရှိတယ်။ဆေးဖက်ဝင်အပင်တွေရဲ့အကျိုးသက်ရောက်မှုကို များများစားစားမသိသော်လည်း မြင်ရင်တော့ ဘာပင်ဆိုတာပြောနိုင်‌တယ်။

ဒါ့အပြင် မူလခေတ်တုန်းကသူငှားထားတဲ့တောင်ပေါ်မှာတောရိုင်းဆေးဖက်ဝင်အပင်တွေရှိတယ်။လယ်ယာမြေအကျုံးဝင်ဖို့ သူငွေအများကြီးစိုက်ထုတ်ခဲ့ရသေးတယ်။အခုသူတို့ရတာတွေကတောရိုင်းတိရိစ္ဆာန် ဒါမှမဟုတ် တောအသီးအရွက်ဆိုရင် ဈေးတစ်ခုဆီသွားပြီး အဲ့နေရာမှာနေပြီးဝယ်မယ့်သူကိုစောင့်ရဦးမယ်။သူတို့အကုန်လုံးရောင်းရပါ့မလားဆိုတာလည်းမသေချာဘူး။သူတို့အကုန်လုံး‌ကုန်အောင်ရောင်းနိုင်တယ်ဆိုရင်တောင်မှ ဈေးကောင်းရမှာမဟုတ်ဘူး။အခုအချိန်မှာ သူတို့မှာ ဘာမှမရှိသလို ပိုက်ဆံလည်း တော်တော့်ကိုလိုအပ်နေတာကြောင့် အမြန်ငွေရှာဖို့ နည်းလမ်းကို တွေးပြီး ဝင်ငွေအတည်တကျရဖို့ သေချာဖို့လိုတယ်။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now