23.ရွာလူကြီးကိုလာဘ်ထိုးမယ်

455 60 3
                                    

"ချန်ကျင်း!"
အဖွားခု၏အော်ဟစ်သံနောက်တွင် အခြားသူတွေအကုန်လုံးက ရှင်းရှင်းလင်းလင်းတွေးနိုင်နေပြီဖြစ်သည်။လုချန်ကျင်းသည်သွေးအိုင်ထဲတွင်လဲနေပြီးခေါင်းတစ်ခုလုံးသည် သစ်သားပြားများဖြင့်ဖုံးနေသည်။

ကျိရန်ကိုရိုက်ဖို့ရည်ရွယ်ထားသည့်လုချန်ကျင်းက ခုံကိုမြှောက်ပြီး လူတိုင်းမမျှော်လင့်ထားသလို သူ့ခေါင်းသူပြန်ရိုက်ခဲ့၏။ကောင်းဟွေသည် စောနကသူမသည်လုချန်ကျင်း၏အရိုက်ခံခဲ့ရသည်ကိုပင်မေ့သွားပြီးထိတ်လန့်တကြားပြေးသွားကာသွေးတွေနှင့်ဖုံးနေသည့်လုချန်ကျင်းမျက်နှာကိုကိုင်ထားသည်။သူမက ထိတ်လန့်နေသောမျက်နှာထားနှင့် ဘေးနားမှရှိနေသည့်လူများကို
"သမားတော်!ဒီမှာ သမားတော်ခေါ်ပေးကြပါ!"

ထိုမှသာ လူတိုင်းကအိပ်မက်ကနိုးလာသလိုမျိုး သူမကိုကူညီရန်လာခဲ့ကြသည်။

"အမေ စိတ်မပူပါနဲ့ သားအခုချက်ချင်းသမားတော်သွားပင့်လိုက်ပါ့မယ်"
ထိုသို့ပြောသူမှာ လုချန်ကျင်း၏အကြီးဆုံးသား လုဇီမင်ဖြစ်သည်။အသက်၁၂နှစ်ဆိုသော်ငြား ကောင်းဟွေ၏အရပ်နီးပါးရှည်ပြီး  အရွယ်ရောက်နေသူတစ်ယောက်လိုပင်။ကလေးများအားလုံးတွင်သူကသာ အရေးကြီးသည့်အလုပ်များကိုလုပ်နိုင်သည့် တစ်ဦးတည်းသောကလေးဖြစ်သည်။ထိုသို့ပြောပြီးနောက်ကောင်းဟွေ၏ အဖြေကိုစောင့်‌မနေတော့ဘဲ တံခါးဆီသို့သာပြေးသွားသည်။လုဇီမင်သည်တံခါးအပေါက်ဝတွင်ခဏမျှရပ်လိုက်ပြီးနောက် လည်ပြန်ကာကျိရန်ကိုစိုက်ကြည့်ပြီးမှ အရှိန်တင်ကာ ပြေးထွက်သွားခဲ့သည်။

ကျိရန်က ထိုကလေး၏အကြည့်ကြောင့် ဆွံ့အသွားရသည်။တကယ့်ကို ဒီပုပ်ထဲကဒီပဲပဲ!တကယ်ဆို ကျိရန်ကဒီအဖြစ်အပျက်တွေနဲ့ဆိုင်သူမဟုတ်ချေ။သူ(ကျိရန်)က သူ့အဖေ့ကိုရိုက်ခဲ့တာလည်းမဟုတ်!အတိအကျပြောရရင် သူ့အဖေလုချန်ကျင်းကမှ ကျိရန်ကိုခုံနှင့်ရိုက်ဖို့ရွယ်တာဖြစ်လို့ ကျိရန်က သားကောင်တစ်ကောင်သာ။သူ့ဘေးနားကမမြင်ရတဲ့အကူအညီကြောင့်သာမဟုတ်ရင် အခုချိန်မှာခေါင်းကွဲ‌နေမယ့်သူမှာ သူဖြစ်နေမှာပင်။ဒါကိုများ သောက်ကလေးကငါ့ကိုဒီလိုလာစိုက်ကြည့်ရတယ်လို့!

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now