34.တရားရုံးမှာတွေ့ကြတာပေ့ါ

685 45 6
                                    

အဖွားလု၏အော်သံကြောင့် လူတိုင်းကကျိရန်၏တဲအိမ်ဆီသို့ လှမ်းကြည့်ကြကာ ထိုဖြစ်ရပ်ကရပ်နီးရပ်ဝေးကလယ်လုပ်တဲ့သူတွေနဲ့လမ်းသွားလမ်းလာတွေကို သဘာဝကျကျဆွဲဆောင်နေ၏။လုချန်ကျင်းမှ ကျိရန်၏ပစ္စည်းများကိုဖျက်စီးနေသည်ကိုကြားကြသော်လည်း သူတို့ကအဝေးမှသာလှမ်းကြည့်နေကြ၏။လုချန်ကျင်းနဲ့ကျိရန်သတ်နေကြပြီဟုသတင်းကြသည့်အခါ သူတို့လုပ်နေသမျှကိုရပ်တန့်လိုက်ပြီး ထိုလူနှစ်ဦးဆီသို့‌ပြေးသွားကြ၏။

ရွာလူကြီးသည် လူတိုင်းကဒီနေရာကိုလာနေကြပြီမို့မျက်ခုံးလှုပ်သွားသည်။သူ့မျက်နှာကမဲမှောင်သွားပြီး ကျိရန်ကိုရပ်ဖို့မပြောရသေးခင်မှာ လုချန်ကန်းနဲ့လုချန်ကျင်းရဲ့သားအကြီးဆုံးနှစ်ယောက်က လက်ထဲတွင်ဝါးလုံးတွေကိုင်ကာ ကျိရန်ကိုသမဖို့လာကြသည်။ကံကောင်းစွာနဲ့ ကောင်းသကျွမ်းနဲ့သူ့သားနှစ်ယောက်က မြန်မြန်တုံ့ပြန်ပြီး သူတို့နှစ်ယောက်ကိုတားလိုက်သည်။

လုချန်ကန်းနဲ့လုချန်ကျင်း၏သား‌နှစ်ယောက်ကို သူတို့တားထားသော်လည်းအဖွားလုနဲ့ကောင်းဟွေတို့ကိုတားရန်ဘယ်သူမှမရှိပေ။ထိုနှစ်ယောက်ကငိုယိုပြီး ကျိရန်နဲ့လုချန်ကျင်းဆီကိုလာနေသည်။တခြားတစ်ဖက်တွက် လန်ရှင်းလဲ့က လက်ထဲတွင်နေကြာစေ့ထုပ်ကိုကိုင်ရင်း ပွဲကြည့်ကာ စတင်ကာ‌နေကြာစေ့ခွာစားနေသည်။

"ဘုရား…ဘုရား…ငါတို့မိသားစုကဘာလို့ဒီလိုဖြစ်နေတာလဲ?"

"ချန်ကျင်း!ယောက်ျား…ရှင်ဒီလိုထွက်သွားလို့မရဘူးနော်။ရှင်သာသေသွားရင် ကျွန်မတို့လည်းအသက်ဆက်ရှင်နိုင်မှာမဟုတ်ဘူး"

ပြေးလွှားလာတဲ့ခြေသံတွေနဲ့ငိုသံတွေကိုကြားသည့်အခါ ကျိရန်ကမတ်တပ်ရပ်လိုက်ပြီးဘေးဘက်ကိုရွေ့လိုက်သည်။သူတို့အနားရောက်လာတဲ့အခါ ကျိရန်ရဲ့အဝတ်အစားရဲ့အဝတ်အစားကိုတောင်ထိခွင့်မရလိုက်ချေ။ထိုနှစ်ယောက်က လုချန်ကျင်းနံဘေးမှာဒူးထောက်ထိုင်ပြီး သူ့ကိုဆွဲထူကာခန္ဓာကိုယ်ကိုလှုပ်ရင်းနဲ့ငိုကြွေးနေကြ၏။ကြည့်တဲ့သူတွေက လုချန်ကျင်းသေသွားလို့သူတို့တွေဝမ်းနည်းပူဆွေးစွာအော်ဟစ်နေကြတယ်လို့တွေးလိုက်ကြ၏။ဒါပေမယ့် တကယ်တမ်းက လုချန်ကျင်းကသူ့မှာအားလုံးဝမရှိတော့တာကြောင့်ဖြစ်ပြီး သူ့မျက်ဝန်းတွေကနာကျင်နေတာကိုအတိုင်းသားမြင်နိုင်၏။

You've reached the end of published parts.

⏰ Last updated: Feb 08 ⏰

Add this story to your Library to get notified about new parts!

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now