19.ကျိရှောင်းဟူကိုသင်ခန်းစာကောင်းကောင်းပေးခြင်း

850 89 2
                                    

Unicode and Zawgyi

"အိုဟိုး....ဘာလို့ဒီလောက်တောင်ရင်းနှီးနေတာလဲလို့အံဩနေတာ..သေပြီးသားလူနဲ့လက်ထပ်ထားတဲ့ ငါ့ဝမ်းကွဲပဲ"

ကျိရှောင်းဟူက ရှေးခေတ်ကလူဖြစ်ပေမယ့် စွဲမက်စရာအဝတ်အစားနဲ့လက်ဝတ်ရတနာတွေကိုဝတ်ဆင်ထားပြီးခေါက်ယပ်တောင်တစ်ချောင်းကိုသူ့လက်ထဲတွင်ကိုင်ထားကာ သပ်သပ်ရပ်ရပ်နဲ့စတိုင်ကျနေတယ်။မသိတဲ့သူတွေက သူ့ကိုချမ်းသာတဲ့မိသားစုကသခင်ငယ်လေးလို့တောင်ထင်ကောင်းထင်နိုင်တယ်။ဒါပေမယ့် တကယ်တော့သူက လောင်းကစားလုပ်ရတာကြိုက်တဲ့ လူပျင်း၊ပေါ့ပျက်ပျက်လူတစ်ယောက်သာဖြစ်တယ်။

"ဒါကအထည်ဆိုင်နော် မင်းဘာလို့ဒီရောက်နေတာလဲ?အထည်ဝယ်ဖို့လား?"
ကျိရှောင်းဟူက ကျိရန်ကိုလှည့်ပတ်ကာ ပုံကြီးချဲ့လိုက်တယ်။

"လုပ်စမ်းပါကွာ!မင်းကယောက်ျားလေး မင်းယောက်ျားကလည်းသေပြီးသား!အဝတ်အစားကောင်းကောင်းဝယ်စရာဘာအကြောင်းမှမရှိဘူး။မင်းဘယ်လောက်ပဲဝတ်ကောင်းစားလှဝတ်ဝတ် ဘယ်သူမှမင်းကိုအားကျမနေဘူး!ဒါကြောင့် မင်းပိုက်ဆံကိုအဝတ်အစားအသစ်ဝယ်ပြီးဖြုန်းမယ့်အစား ငါ့ကိုပေးလိုက်သင့်တယ်။ငါပိုက်ဆံအရမ်းကျပ်နေလို့!အဲ့တော့ မင်းပိုက်ဆံတွေငါ့ကိုအခုပေးလိုက်တော့?"

"ကျိရှောင်းဟူ"
ကုရီလင်ကရယ်မောကာ သူ့လက်ကိုဆန့်ပြီးကျိရှောင်းဟူရဲ့ခေါင်းပေါ်တင်လိုက်တယ်။

"မင်းအရပ်နဲ့ယှဉ်ရင်မင်းမျက်နှာကတော်တော်သေးတာပဲ!ဒီအထည်ဆိုင်မှာပိတ်စတော့ရှိမယ်ထင်တယ်။ငါမင်းကို နှစ်ပြားလောက်ပေးရင်ကောဘယ်လိုလဲ?ဒါဆိုမင်းပိတ်စသွားဝယ်ပြီးမျက်နှာအုပ်ထားလို့ရပြီ"

ရှောင်းဟူကပညာမဲ့ပြီးအရည်အချင်းမရှိတဲ့လူဖြစ်တယ်
နေ့တိုင်းသူလုပ်နေသမျှက စား၊‌သောက်၊ပျော်၊ပါးတွေချည်း။ဒါကြောင့်ကျိရန်ရဲ့စောင်းမြောင်းပြောတာလေးကို အချိန်အကြာကြီးစဉ်းစားပြီးမှသာသိလိုက်ပြီး သူ့မျက်နှာကြီးကမဲမှောင်လာတယ်။

"မင်း!လူယုတ်မာကောင်!!!ခွေးကောင်!ငါကအရှက်မရှိဘူးလို့မင်းပြောချင်နေတာလား?"
ကျိရှောင်းဟူကလက်သီးကိုဝှေ့ယမ်းကာ ကျိရန်မျက်နှာကိုထိုးဖို့အသင့်ဖြစ်နေပြီ။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now