7.ကိုယ်ကသရဲ

1.1K 143 1
                                    

Unicode and Zawgyi

လုကျန်းကအပြင်မှာရပ်နေပေမယ့်သူလုပ်သမျှကိုမြင်နေတယ်လို့ကျိရန်ကခံစားမိတယ်။ကျိရန်ကရေချိုးပြီးတာနဲ့ရေချိူကန်ထဲကထွက်ဖို့ကြိုးစားနေရင်းကျိရန်ုတစ်လှမ်းခြင်းမျောလာတယ်။

အေး!မျောနေတာ!သူ့ပုံစံကလမ်းလျှောက်တယ်လို့ထင်ရပေမယ့်ခြေသံကလုံးဝမကြားရဘူးဟ!

လုကျန်းဝင်လာတဲ့အခါ ကျိရန်ကရေချိုးကန်ရဲ့အစွန်ဘက်မှာလက်နှစ်ဖက်ထောက်ပြီး‌တွယ်တက်ဖို့‌ကျိုးစားနေတာဖြစ်တယ်။ဒါပေမယ့်လုကျန်ူကိုတြွေတဲ့အခါ ဒါကရှက်စရာကြီးလို့ထင်မိပြီးအေးခဲသွားတယ်။ဘာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်လုံးကယောက်ျားလေးတွေလေ!သူ့ကိုယ်သူတဘက်နဲ့ဖုံးဖို့ကြိုးစားနေတာကြီးကတအားမိန်းမဆန်သွားမှာပေါ့!အဲ့ဒီလိုနဲ့ရေချိုးကန်ထဲမှာက လူနှစ်ယောက်အပေါ်ပိုင်းဗလာနဲ့တစ်ယောက်ကိုယ်တစ်ယောက်စိုက်ကြည့်နေကြတယ်။

ကျိရန်ကအဆင်မပြေသလိုခံစားနေရပေမယ့်လုကျန်းကတော့ထိုသို့မဟုတ်ချေ။သူကကျိရန်ကိုအပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်နေပြီးမျက်နှာအမူအရာကမပြောင်းလဲချေ။ထို့နောက်ကျိရန်ဆီကိုသွားကာဘာမှမပြောဘဲ ရေချိုးကန်ထဲကနေသယ်ထုတ်လာလိုက်တယ်။ဖြစ်ပျက်နေတာတွေမြန်လွန်းလို့ကျိရန်ဘာမှနားမလည်သေးခင်မှာဘဲ လုကျန်းကသူ့ကိုအဝတ်အစားဝတ်ဖို့ကူညီပေးနေပြီ။

"ကျ...ကျတော် ကိုယ့်ဘာသာကိုယ်လုပ်နိုင်ပါတယ်"

သူ့ရှေ့မှာရှိနေတဲ့သူက လူလားသရဲလားကျိရန်အခုထိမခွဲနိုင်သေးပေ။ဒီလိုဂရုစိုက်ခံရတာကို မပျော်တဲ့အပြင် ပိုပြီးထိတ်လန့်သလိုခံစား‌ရတယ်။ဒါပေမယ့်လည်းသူသေသေချာချာတွေးကြည့်တော့ ဒီလူကလုမိသားစုရဲ့မိသားစုဝင်တစ်ယောက်ဆိုပေမယ့် သူနဲ့လက်ထပ်ထားတဲ့သူသာမဟုတ်ရင်သူ့ကိုဒီလိုပွင့်ပွင့်လင်းလင်းကိစ္စတွေဘယ်လိုလုပ်လုပ်ပေးမှာလဲ?သူသေတာကသတင်းအတုကြီးလုပ်ထားတာလား?အဓိပ္ပာယ်မရှိဘူး!ဒါပေမယ့်ဧကရာဇ်ကိုလှည့်စားဖို့ဆိုတာကြီးကလွယ်တာမှမဟုတ်တာ!ဟုတ်တယ်မလား?

လုကျန်းကိုတားဖို့ကျိရန်ကတွန်းလိုက်ပေမ့်ူအတွေးတွေကတော့ပျံ့လွင့်နေဆဲဖြစ်ပြီး သူ့လက်ကိုလုကျန်းဆုပ်ကိုင်ထားတာကိုတောင်သတိမထားမိချေ။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now