11.မုဆိုးကျောင်း

865 112 1
                                    

Unicode and Zawgyi

"ဝေါင်း!"

ရုတ်တရက်သူတို့တွေတောင်ထိပ်ဘက်ဆီကနေကျားဟောက်သံကိုကြားလိုက်ကြတယ်။ကျိရန်ကခြေချော်ပြီးတောင်စောင်းကိုလှိမ့်တော့မလိုဖြစ်သွားပြီးကံကောင်းစွာနဲ့လုကျန်းကသူ့ကိုအချိန်မီဖမ်းမိလိုက်တယ်။

'ငလူး! ကျားရှိတယ်ဟ!'

ကျိရန်ကတုန်လှုပ်နေဆဲပင်။တည်တည်ငြိမ်ငြိမ်ရပ်ဖို့ကြိုးစားနေစဉ်မှာပဲ*ရွတ်*ခနဲဆိုတဲ့အသံနဲ့အတူသစ်သားမြှားတစ်စင်းကသူ့ခေါင်းပေါ်ကနေဖြတ်သွားတယ်။သေတော့မယ်လို့တွေးပြီးပိုပြီးထိတ်လန့်လာတယ်။ဒူးတွေကလည်းအားနည်းလာပြီးမြေပြင်ပေါ်ကျလုနီးပါးပင်။နောက်တစ်ခါထပ်ပြီးလုကျန်းကဖမ်းပေးထားပြီး မတ်တပ်ရပ်ဖို့ကြိုးစားရင်းနောက်တစ်ခေါက်ထပ်လဲကျပြန်တယ်။

"ဝေါင်း! ဝေါင်း!"
ကျားကထပ်ပြီးဟောက်နေပြီးခဏအကြာမှာတောတောအုပ်ထဲကနေ ကျားတစ်ကောင် ခုန်ထွက်လာတာကိုတွေ့လိုက်ရတယ်။

သို့သော် ကျားကတောင်ခြေကိုအလျင်စလိုမဆင်းခဲ့ဘဲ အပြင်းအထန်တိုက်ခိုက်နေခဲ့တယ်။လွတ်ဖို့အတွက်ချက်ချင်းပြေးမယ့်အစားသူ့ရဲ့သားကောင်ကိုခုန်အုပ်ဖို့ကြိုးစားနေပြီးမအောင်မြင်ခဲ့ချေ။ထို့ကြောင့်သူ့‌ခေါင်းကိုလှည့်ပြီးပြန်မတိုက်တော့ချေ။အဲ့ဒီအစားသူက သတိကြီးကြီးထားကာခြေလှမ်းအနည်းငယ်ဆုတ်ပြီး ဟိန်းဟောက်နေခဲ့တယ်။

ကျိရန်ကနှစ်ဘဝနေထိုင်ခဲ့ရသော်လည်းဒီလိုမျိူးရှေးဦးတောရိုင်းကျားတစ်ကောင်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။သူ့တစ်ကိုယ်လုံးလည်းတုန်ရီနေတယ်။ဒီတောင်ပေါ်ကိုပထမဆုံးအကြိမ်ရောက်ပြီး အမဲမလိုက်ခင်မှာတင် ဒီလိုမျိုး ကြမ်းတမ်းတဲ့တိရစ္ဆာန်တစ်ကောင်နဲ့ ကြုံခဲ့ရတယ်။သူကြောက်နေပေမယ့်လည်း နားမလည်နိုင်အောင်စိတ်လှုပ်ရှားနေမိတယ်။

ကျိရန်ကလုကျန်းရဲ့အင်္ကျီစကိုစိတ်လှုပ်ရှားစွာဆွဲကိုင်ကာ
"လုကျန်း ခင်ဗျားရဲ့သရဲတစ်ကောင်ရဲ့အားသာချက်ကိုပြရမယ့်အချိန်ပဲ!အဲ့ကျားကြီးကိုဖယ်လိုက်!"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now