4.သူတွေ့ခဲ့တဲ့ပထမဆုံးအသက်ရှင်နေတဲ့သူ

1.3K 165 2
                                    

Unicode and Zawgyi

ထိုအမျိုးသမီးက သူနှင့်ရန်ဖြစ်ရန်ကြိုးစားနေမှန်း သိသော်လည်း အခုအချိန်မှာတော့သူအကယ်ခံလိုက်ရတယ်လို့ခံစားမိတယ်။
'သူမဒီမှာဘာလုပ်နေတာကိုဘယ်သူကဂရုစိုက်နေလို့လဲ?နောက်ဆုံးတော့ငါအသက်ရှင်နေသေးတဲ့သူနဲ့အတူရှိပြီဟ!'

ကျိရန်ကပြုံးပြရင်းလျောက်လာတယ်။
"အာ....ငါ မင်းနာမည်သိလို့ရမလား?"

ရှင်းရှင်းပြောရရင် သူမရဲ့ဒေါသတွေကိုကျိရန်ကဒီလိုဖော်ဖော်ရွေရွေတုံ့ပြန်မယ်လို့မထင်ထားတာကြောင့်သူမအံ့ဩနေခဲ့တယ်။

ကျိရန်ကပဲဆက်မေးလိုက်တယ်
"အမိန့်ပြန်တမ်းအရ သေပြီးနောက်ပိုင်းခြေမြန်မြင်းတပ်ရဲ့ဗိုလ်ချုပ်ရာထူးရခဲ့တဲ့လူနဲ့ ငါနဲ့လက်ထပ်ထားတာပါ"

တကယ်တော့ကျရန်ပြောချင်တာက ဗိုလ်ချုပ်ဖြစ်ပြီဆိုလည်းဘာလို့အိမ်တော်အကြီးကြီးမရှိတာလဲ?အဲ့ဒီအစားသူ့မိသားစုကဝေးလံခေါင်သီလွန်းတဲ့နေရာမှာသက်ကယ်တဲတွေနဲ့နေနေရတာလဲ?သူထပ်မမေးခင်မှာပဲထိုအမျိုးသမီးကသူ့ကိုကြည့်ကာမျက်စောင်းထိုးလိုက်တယ်။

"အိုး...နေစမ်းပါ!အဲ့တာကအမည်ခံဘွဲ့တစ်ခုသပ်သပ်ပဲလေ! နင့်ကိုယ်နင်ဗိုလ်ချုပ်ဇနီးလို့ထင်နေတာလား?စစ်မြေပြင်မှာသာသူကဧကရာဇ်နဲ့ဓားနဲ့ကြားမှာဝင်ရပ်ပြီးဧကရာဇ်ကိုမကယ်ပေးခဲ့ရင်သူသေတာကလည်းဘာမှထူးမှာမဟုတ်တော့ဘူး!သူ့ခန္ဓာကိုယ်တောထဲမှာမဆွေးမြေ့သွားရင်ကိုပဲကံကောင်းတယ်မှတ်ရမယ်!ဒါပေါ့သူသာကံမကောင်းရင် နင်နဖြ့လည်းလက်ထပ်ရမှာမဟုတ်သလို ဆုပေးခံရမှာလည်းမဟုတ်ဘူး!သူကချီးမြှင့်ခံခဲ့ရတာတောင် ခဖ့စားခွင့်မရှိတော့ဘူးလေ!ဘယ်လိုဘဝတောင်ပါလိမ့်!!"

အမျိုးသမီးက စကားရှည်ကြီးဖြင့် ငြင်းဆိုလိုက်တယ်။ထို့နောက်သူမကနေကြာစေ့ခွံတွေကိုမြေကြီးပေါ်ပစ်ချကာကျန်လက်တစ်ဖက်ကနောက်တစ်ဖက်ကသူမဗိုက်ကိုကိုင်ထားပြီးတစ်ဖက်ကခါးကိုထောက်ကာကျိရန်ရဲ့တုံ့ပြန်မှုကိုတောင်မစောင့်ဘဲထွက်သွားတော့တယ်။

ကျိရန်ကထိုအမျိုးသမီးစိုက်ကြည့်ကာသူမဝေးဝေးရောက်သွားပြီးနောက်

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now