32.အဆဲခံလိုက်ရ

381 30 0
                                    

ယခုကျိရန်နေထိုင်သည့်ရွာလေးကို လုရွာဟုခေါ်သည်။ရွာသူရွာသားအားလုံးရဲ့မျိုးရိုးနာမည်က လုဖြစ်ပြီး တခြားမျိုးရိုးနာမည်က တော်ရုံဆိုရှားတယ်လို့ဆိုလို့ရ၏။နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်နှစ်ခု‌ကျရောက်ခဲ့ပြီး ရွာမှလူတစ်ချို့က ထွက်ပြေးကာ ရွာကနေထွက်သွားကြတော့၏။အခြားရွာကနေ ပြောင်းရွေ့အခြေချနေထိုင်ကြသည့်သူတွေလည်းရှိသည်။အခုတော့ မျိုးရိုးနာမည် အမျိုးမျိုးနေထိုင်လာကြပြီဖြစ်သည်။

ထိုအရာတွေကို လုကျန်းထံမှသိခဲ့ရတာဖြစ်သည်။ကျိရန်က ဒီရွာမှာက ရက်နည်းနည်းပဲနေရသေးတာဖြစ်တဲ့အပြင် ကိုယ့်အလုပ်ကိုယ်လုပ်ရင်းအမြဲအလုပ်များနေသူဖြစ်တာကြောင့် လုမိသားစုကလွဲရင် တခြားလူတွေနဲ့မသိကျွမ်းပေ။ဒါကြောင့် သဘာဝကျကျပင် အာလာပသလာပလို ကိစ္စမျိုးတွေကို ဘယ်သူကမှသူ့ဆီလာပြောပြမှာမဟုတ်‌ဘူး။သူကိုယ်တိုင်ကလည်းယောက်ျားလေးဖြစ်လို့ မိန်းကလေးတွေ၊အဒေါ်ကြီးတွေနဲ့ အတင်းအဖျင်း ဝိုင်းဖွဲ့ပြောတာကို ပူးပေါင်းဖို့မဖြစ်နိုင်ပေ။

ဒါကြောင့်ပင် ကျိရန်က ရွာသူရွာသားတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိသလောက်ဖြစ်နေပြီလို့တောင်ပြောလို့ရနေလေပြီ။မလိုအပ်ဘဲစကားပိုတစ်ခွန်းတောင်မပြောဖြစ်ပေ။သူကလုမိသားစုထဲကို ယောက်ျားလေးသတို့သမီးအဖြစ် လက်ထပ်ခဲ့တာကလွဲလို့ သူ့အကြောင်းအတင်းပြောစရာလည်းမရှိဘူးလေ။

ဒါပေမယ့် ဒီနေ့တော့ ကျိရန်ကတစ်ခုခုလွဲနေပြီလို့ စိတ်ထဲထင်နေသည်။

သူကဆတ်ဆတ်ထိမခံဖြစ်တာမဟုတ်ပေမယ့် သူ့ကိုမြင်တိုင်းရွာသူရွာသားတွေရဲ့တုံ့ပြန်မှုကသိသာလွန်းနေ၏။ပွစိပွစိလည်းပြောသေး ထွီကနည်းလည်း တံတွေးထွေးပြသေး ဆဲလည်းဆဲသေး၏။သူ့ဆီကိုခိုင်းလာပီး သူ့မျက်နှာပေါ်တံတွေးထွေးခိုင်းကြရင် သူတို့(ရွာသူရွာသား)အရမ်းသဘောကျမယ်လို့ ကျိရန်တွေးလိုက်မိ၏။ကနဦးတော့ ကျိရန်ကဒါကိုအလေးအနက်မထားပေမယ့် လူတိုင်းဆီကနေစိုက်ကြည့်ခံလာရတဲ့အခါ လျစ်လျူရှုဖို့ကြတော့လည်း အဆင်မပြေတော့ဘူး။

ကျိရန်က တော်တော်ထူးဆန်းတယ်လို့တွေးမိလိုက်၏။တကယ်လို့ "မုဆိုးမတော့မုဆိုးမ ဒါပေမယ့်ယောက်ျားလေး"ဆိုတဲ့အတင်းဆိုရင်လည်း မင်္ဂလာဆောင်ထားတာဖြင့်ကြာပြီမို့လို့ ထိုအကြောင်းအတင်းအဖျင်းတော့မဖြစ်နိုင်။အဲ့တုန်းကတောင်သူတို့သိပ်ပြီးအဆင်မပြေမဖြစ်ကြတာကို အခုမှဘာလို့ပြင်းပြင်းထန်ထန်ဖြစ်နေကြတာလဲ?ဒီကိစ္စက သူ ယောက်ျားလေးမုဆိုးမ ဆိုတဲ့ကိစ္စနဲ့ဘာမှမဆိုင်ကြောင်းကို ပင်ကိုယ်စိတ်ကသိနေ၏။သူဘာလုပ်ခဲ့လို့များ လူတိုင်းကသူနဲ့ပက်သတ်ရင် အရမ်းခါးခါးသီးသီးမုန်းတီးနေကြလဲဆိုတာကို သူကိုယ်တိုင်လည်းနားမလည်ခဲ့ပေ။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now