3.လုကျန်း

1.4K 176 8
                                    

Unicode and Zawgyi

ကျိရန်တစ်ကိုယ်လုံးနာကျင်နေတာကြောင့်လှုပ်တောင်မလှုပ်ချင်ပေ။

အဲ့ဒီလူကခေါက်ဆွဲပန်းကန်ကိကုတင်ဘေးကခုံမှာချထားပြီးကျိရန်ထိုင်ဖို့ကူညီပေးပြီးနောက်ပန်းကန်ကိုကျိရန်ကိုပေးလိုက်တယ်။

"စားလိုက်ဦး" ထိုအမျိုးသားကကျိရန်လက်ထဲကိုတူတစ်စုံထည့်ပေးပြီးတိုက်တွန်းတယ်။

ကျိရန်ကဗိုက်ဆာနေခဲ့ပြီးပူပူနွေးနွေးအစားအစာကသူ့ရှေ့ထိရောက်လာမှတော့ငြင်းမနေတော့ချေ။ချက်ချင်းပဲခေါက်ဆွဲပန်းကန်ကိုယူပြီး ခေါက်ဆွဲစားလိုက်ဟင်းရည်လေးငုံလိုက်ဖြင့်အကုန်လုံးစားသောက်ပြီးသွားပြီးပန်းကန်အလွတ်လေးပဲကျန်တော့မှ သူကမေးလိုက်တယ်။
"ခင်ဗျားကဘယ်သူလဲ?"

ထိုလူကကျိရန်ကိုပြန်မဖြေဘဲ လက်ကိုဆန့်လို့ကျိရန်ရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်တယ်။

"အာ…"
ကျိရန်ကအံ့ဩနေပြီး မျက်တောင်တဖျတ်ဖျတ်ခတ်နေတယ်။ထိုလူကဘာလုပ်ဖို့ကြိုးစားနေမှန်သူမသိတာမို့ ထိုလူ့ကိုပဲစိုက်ကြည့်နေလိုက်တယ်။အခုသူကထိုအမျိုးသားနဲ့နီးကပ်စွာထိုင်နေတာမို့ ထိုသူရဲ့မျက်နှာသွင်ပြင်ကိုမြင်လိုက်ရပြီးနောက်အရမ်းကြည့်ကောင်းတဲ့လူဖြစ်ကြောင်းသဘောပေါက်လိုက်တယ်။မျက်ခုံးကောင်းကောင်း၊မျက်ဝန်းဝိုင်းဝိုင်းနဲ့အသားအရည်ကညိုတယ်။မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကသူ့ဘာသာသူထူးထူးခြားခြားမဟုတ်ပေမယ့် ပေါင်းစပ်လိုက်တဲ့အခါ ထိုအမျိုးသားရဲ့မျက်နှာကလုံးဝကိုပြီးပြည့်စုံအောင်ချောမောနေတယ်။ထိုလူရဲ့ထိုင်နေတဲ့ပုံစံကလည်းအရမ်းခန့်ညားတယ်။သိပ္ပံနည်းကျကျပြောရမယ်ဆိုရင် ယောက်ျားဆန်ဆန်ဟော်မုန်းတွေကထိုလူရဲ့ပိုပြီးဆွဲဆောင်မှုရှိစေတဲ့အချက်ဖြစ်တယ်။

ကျိရန်က ဂေးတစ်ယောက်ဆိုပေမယ့် သူကအမြဲတမ်းယောက်ျားပီသတာကြောင့် နူးညံ့တဲ့ဂေးကောင်လေးတွေကိုသာသဘောကျပြီး ကြွက်သားတွေနဲ့ဂေးတွေကိုတော့သူကစိတ်မဝင်စားချေ။ဒါပေမယ့်လည်းသူ့ရှေ့ကအမျိုးသားကတော့သူ့ကိုလုံးဝရှော့ခ်ရသွားစေနိုင်တယ်!ပြီးတော့ ထိုလူကိုဖော်ပြဖို့စကားလုံးတစ်လုံးတည်းပဲသူ့ခေါင်းထဲမှာရှိတယ် _ 'သောက်ရမ်းချောတယ်!'

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now