31.အိမ်ပြောင်းပြီမို့

328 28 5
                                    

ကျိရန်သည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။ထွက်သွားတော့မယ်လို့ပြောပြီးတာဖြစ်တဲ့အတွက် သူ့ဘက်ကလည်းနှောင့်နှေးမနေပေ။လင်လင်နှစ်ယောက်ခြံထဲကထွက်လာပြီးနောက် ပစ္စည်းတွေကိုယူကာတောင်ပေါ်တက်ခဲ့ကြသည်။

လုကျန်းကသူ့အနောက်မှလိုက်လာသည်။သူတစ်ခုခုပြောချင်နေပုံပေါ်ပေမယ့် လုံးဝမပြောပေ။ကျိရန်မျက်စိထဲမှာတော့ထိုအရာကအရမ်းရယ်စရာကောင်းနေသည်။

"ပြောချင်တာတစ်ခုခုရှိနေရင် ပြောသာပြော တကယ့်ယောက်ျားစစ်စစ်ကတွန့်ဆုတ်မနေဘူးဟုတ်ပြီလား"

ကျိရန်ပြောတာကို လုကျန်းကဒေါသထွက်သွားသည်။သူ့စိတ်ထဲမှာအပြစ်ရှိသလိုခံစားနေရပြီး ကျိရန်ကိုဘေးတိုက်ကြည့်နေသည်။အကြည့်တွေကိုတဖြည်းဖြည်းရွေ့ရင်းကျိရန်ရဲ့ဆံပင်ပေါ်မှာအဆုံးသတ်သည်။

"ကိုယ်ယောက်ျားဟုတ်မဟုတ် မင်းပိုသိသင့်တယ်မဟုတ်လား"
လုကျန်း၏မျက်နှာတွင်အမူအရာများစွာမရှိသော်လည်း သူ၏အံကြိတ်ထားသည့်ပုံကလူများစွာကိုကြောက်ရွံ့ထိတ်လန့်စေသည်။အခုသူ့ပုံစံက စစ်မြေပြင်ကတိုက်ပွဲတွေနဲ့သတ်ဖြတ်မှုတွေကြားက ဆိုးရွားပြီးရက်စက်ကြမ်းကြုတ်သူနှင့်တူသည်။
(TN_ယောက်ျားမဟုတ်ဘူးလားလို့အမေးခံလိုက်ရလို့ ဒေါသထွက်နေတဲ့ဘေဘီလု)

ကျိရန်ကခဏတာရင်ခုန်သွားသည်။ထို့နောက်သူကခြောက်ကပ်စွာရယ်ကာရှေ့ကိုခပ်မြန်မြန်လှမ်းသွားတော့သည်။သူ့ခြေထောက်တွေ တုန်နေပြီ။လုကျန်းဒေါသထွက်တဲ့ပုံကသူ့ကိုကြောက်စေတာမဟုတ်ဘဲ အိပ်ယာထဲမှာရက်စက်တတ်သည့်လုကျန်းကိုကြောက်တာပင်။ကျိရန်ကဒါကိုတွေးလိုက်သည်နှင့်သူ့ဥနဲ့တင်ပါးတွေပူသွားသလိုခံစားလိုက်ရပြီ။

သူ့တုံ့ပြန်မှုကိုကြည့်ရင်းလုကျန်းကရယ်ကာ
"မင်းကိုယ့်အတွက်အများကြီးနစ်နာခဲ့ရလို့ တောင်းပန်ပါတယ်"

လုကျန်းပြောသည့်စကားသည်ကျိရန်တစ်ကိုယ်လုံးကိုတုန်လှုပ်သွားစေသည်။ပခုံးတွန့်လိုက်ပြီးနောက် လုကျန်းကိုမျက်ဝန်းထောင့်ကနေခိုးကြည့်လိုက်သည်။

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now