14.အရသာရှိလှတဲ့ကြက်ကင်

722 113 0
                                    

Unicode and Zawgyi

"အာ..........မီးကျွမ်းသွားပြီ!"
ကျိရန် သူ့လက်ထဲက မီးကျွန်းနေတဲ့မှိုကင်တံကိုကြည့်ကာရှုံ့မဲ့နေတော့တယ်။အရင်ဘဝတုန်းကသူကအကင်ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။အကောင်းဆုံးအကင်စာဖိုးမှူးမဟုတ်ပေမယ့်သူ့အကင်တွေကလက်မထောင်လို့ရတဲ့အနေအထားမှာရှိတယ်။အခုလိုမှိုကင်လေးတစ်ချောင်းနဲ့သူ့ဂုဏ်သိက္ခာကြီးပျက်စီးသွားလိမ့်မည်လို့မထင်ထားခဲ့ပေ။

"မှိုကိုကင်ဖို့ပဲအာရုံစိုက် ကိုယ့်ကိုငေးနေတာရပ်တော့ ဟုတ်ပြီလား?"
လုကျန်းကကျိရန်လက်ထဲကမီးကျွမ်းနေတဲ့မှိုကင်ကိုယူကာလွင့်ပစ်လိုက်ပြီးမှိုတံအသစ်တစ်ချောင်းထပ်ပေးတယ်
"အဲ့တာ‌ကိုမကျေမနပ်မဖြစ်နေနဲ့တော့ ကိုယ်တို့မှာအများကြီးရှိတာပဲ အခုပြန်လုပ်လို့ရနေတာပဲလေ"

ကျိရန်ကနှာခေါင်းရှုံ့ကာမှိုတံအသစ်ကိုယူလိုက်ပြီးဆားနည်းနည်းဖြူးကာကင်လိုက်တယ်။

"ကျတော်စပ်စုချင်လို့!မသေမျိုးလိုမျိုးသရဲတွေကိုလေ တခြားကမ္ဘာတစ်ခုလို့ထင်ခဲ့တာ။ခင်ဗျားကိုကျတော်တို့လိုဖြစ်မယ်လို့မထင်ထားဘူး။အဲ့တာဘာလို့လဲ?ခင်ဗျားကအမဲလိုက်နိုင်တယ် ဟင်းလည်းချက်နိုင်တယ်!ကုန်ရောင်းကုန်ဝယ်အကုန်လုံးအတွက်ခင်ဗျားကအဓိကပဲ!"

ကျိရန်ကသူပြောတာကိုသူနားမလည်ဖြစ်နေပြီးတွေးလေလေရယ်ရလေလေဖြစ်၏။ဒါကြောင့်ပဲသူကင်နေတဲ့မှိုတွေကိုစိုက်ကြည့်‌ပြီးငတုံးတစ်ယောက်လိုရယ်နေတယ်။ကျိရန်ဘာလို့ရယ်မှန်းမသိပေမယ့်လုကျန်းကမေးလည်းမမေးခဲ့ချေ။သူကသေသေချာချာကျကျနနကင်ထားတဲ့ ပြီးပြည့်စုံပြီဖြစ်တဲ့ကြက်ကင်ကိုကျိရန်ကိုပေးလိုက်တယ်
"ကျက်သွားပြီး…ဒီမှာမင်းအတွက်"

ကျိရန်ကကြက်ကင်ကိုကြည့်ပြီးသူ့လက်ထဲကမှိုကိုပြန်ကြည့်လိုက်တယ်။မဆိုးမတွပင် လုကျန်းရဲ့လက်ထဲကိုမှိုကိုထည့်ပေးလိုက်ပြီးကြက်ကင်ကိုယူပြီးကြက်ပေါင်တစ်ချောင်းကိုဆွဲဖဲ့လိုက်ပြီးစားလိုက်တယ်။

သူစပြီးစားနေတုန်းမှာပဲတံခါးခေါက်သံကိုကြားလိုက်ရတယ်
"ယောင်းမလေး…ယောင်းမလေး နင်အထဲမှာရှိလား?"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now