24.ကောင်းဟွေ၏နည်းလမ်း

509 53 3
                                    

ကျိရန်အတွေးတွေကမှန်နေခဲ့သည်။သူအိမ်ပြန်ရောက်ပြီး ဒီနေ့ဝယ်လာသမျှကိုရှင်းပြီးတာနဲ့ ကောင်းဟွေက နီရဲရောင်ကိုင်းနေတဲ့မျက်နှာနဲ့ရောက်လာခဲ့သည်။သူမက အထဲဝင်လာခဲ့ပြီးဘာမှမပြောဘဲ သူမယောက်ျားရိုက်ထားသည့် ရောင်ကိုင်းနေသည့်ပါးပေါ်တွင်မျက်ရည်တွေ စီးကျနေသည်။သူမကိုကြာ့်ရတာက အတော်လေးသနားစရာပင်။

"ယောင်းမလေး ဒီနေ့ဖြစ်ခဲ့တာနဲ့ပက်သတ်ပြီး…ငါ့ယောက်ျားကအပြစ်ရှိမှန်းသိပေမယ့်…."
စကားမဆုံးခင် ကောင်းဟွေက မျက်နှာကို လက်ကိုင်ပုဝါနဲ့အုပ်ပြီး ငိုတော့သည်။

"အပိုလုပ်နေတာတွေတော်ရပ်ပြီး ခင်ဗျားဘာလို့ဒီရောက်နေတာလဲပဲပြော"
ကျိရန်ကသူမငိုတာကို စိတ်ရှုပ်နေလေပြီ။

"နောက်ပြီး ကျွန်တော့ကို ကျိရန်လို့ပဲခေါ် "
ယောက်ျားတစ်‌ောာက်အနေနဲ့ သူ့ကို ညီမလေး ယောင်းမလေး စသဖြင့်ခေါ်တာကိုသူလုံးဝမကြိုက်ဘူး။အရင်ကတော့အဲ့တာကိုထောက်ပြဖို့အခွင့်အရေးမရှိလို့ ငြိမ်နေခဲ့ရပေမယ့် အခုတော့သူထပ်မကြားချင်တော့ဘူး။

"ငါ့ယောက်ျားက ဒဏ်ရာအပြင်းအထန်ရနေတယ်။ခေါင်းကိုထိသွားတယ် သမားတော်ဖန်းကလည်း အချိန်ပိုင်းသမားတော်လေ။ဒဏ်ရာသေးသေးလေးနဲ့ဖျားတာကိုကုပေးနိုင်ပေမယ့် ဒီဒစ်ရာတော့ကုလို့မရဘူး။သူ့ကိုမြို့ကဆေးပေးခန်းမှာသွားပြဖို့အကြံပေးတယ်။ခေါင်းဒဏ်ရာကပေါ့ပေါ့တန်တန်မယူသင့်ဘူးတဲ့ မဟုတ်ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်တဲ့ ဒါပေမယ့် ငါတို့မှမြို့မှာဆေးသွားပြဖို့မတတ်နိုင်ဘူးလေ"
ကောင်းဟွေက မမောနိုင်မပန်းနိုင်ငိုပြီး ကြို့ထိုးလာသည်။

"ချန်ကျင်းကလူယုတ်မာတစ်ယောက်ပါ ဒါပေမယ့် ငါ့သားသမီးတွေရဲ့အဖေဆိုလည်းဟုတ်တယ် သူမရှိဘဲငါတို့မနေနိုင်ဘူးလေ ယောင်း…ကျိရန် မိသားစုကဒီနေ့ဖြစ်ခဲ့တာတွေကငါတို့အပြစ်ပါ ငါတို့တကယ်စိတ်မကောင်းပါဘူး ချန်ကျင်းဖြစ်ခဲ့တာကလည်း သူနဲ့ထိုက်လို့ဖြစ်တာပါ ဒါပေမယ့် ဒီနေရာမှာတော့ ငါသူ့ကိုယ်စား ဒူးထောက်ပါ့မယ် ကျေးဇူးပြုပြီးငါတို့မိသားစုသေးသေးလေးကိုကူညီပေးပါ တောင်းပန်ပါတယ်"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now