21..လုမိသားစုမှနေ အိမ်ခွဲနေခြင်း

555 63 2
                                    

ကျိရန်သည်အဖွားလု၏အကျိုးကြောင်းမဆီလျော်တဲ့စကားတွေကြောင့်စိတ်ဆိုးသွားခဲ့တယ်။မကူးပြောင်းခင်ကာလတုန်းကသူလည်းလယ်သမားမိသားစုမှာမွေးဖွားခဲ့တာမို့ ဒီလိုကြွက်စုတ်ပုံစံမျိုးတွေကိုသူမြင်ဖူးပြီးသားပင်။ဥပမာပြောရရင် မြေကွက်သေးသေးလေးအတွက်၊ကြက်သေတစ်ကောင်အတွက်၊ဘဲငန်းပျောက်တဲ့အတွက် စသဖြင့်နေ့တိုင်းရန်ဖြစ်နေကြတာဖြစ်တယ်။ဒါပေမယ့် ဒီအရာတွေသူ့ဆီမှာမျက်မြင်ကိုယ်တွေ့ဖြစ်ပျက်လာတယ်ဆိုတာကတော့ပထမဦးဆုံးပင်။မိသားစု‌ဝင်တွေကသူ့ကိုသူခိုးလို့ခေါ်ကြပြီး သူ့နောက်ကွယ်မှာတော့ သူ့အိမ်ကနေတောင်ပြန်ခိုးနေကြသေးတယ်။သူတို့တွေက သူ့ကိုမိသားစုဝင်တစ်ယောက်လိုမဆက်ဆံတာလည်း ကောင်းတာပဲလေ။ဒါပေမယ့်တစ်ဖက်မှာ အဖွားလုကသူ(ကျိရန်)ကမိသားစုဝင်တစ်ယောက်မို့လုပ်သင့်လုပ်တာတွေလုပ်ရမယ်လို့အော်နေပေမယ့် တစ်ဖက်ကျပြန်တော့လည်း သူ့ကိုသူခိုးလို့စွပ်စွဲပြီး သူ့စားစရာတွေလာပြန်ခိုးနေတယ်။အဖွားလုကဘာဖြစ်ချင်နေတာလဲ?လုမိသားစုမှာစားသောက်နေတဲ့သူတွေအကုန်လုံးကိုသူခိုးလို့ဆိုလိုချင်တာလား?ဦးနှောက်များပျက်သွားတာလား?

'အသံကျယ်ကျယ်အော်ပြောလေလေ သူမကိုယ်သူမအကျိုးကြောင်းဆီလျော်လေလေလို့ထင်နေတာလား?သူမနဲ့ပြိုင်မငြင်းခင် ငါစကားစဘယ်လိုဖျက်ရမလဲ'

"တော်လောက်ပြီ"
ရွာလူကြီးက ပွဲကြည့်ရုံသာကြည့်နေသလားထင်ရအောင်ကိုပင် ဘာမှဝင်မပြောချေ။ကျိရန်၏ပါးစပ်ထောင့်စွန်းကအပေါ်မြင့်တက်သွားပြီး တစ်ခန်းလုံးကိုစူးစူးစိုက်စိုက်ကြည့်လိုက်ပြီးမှာ အကြည့်တွေကိုအဖွားလုရှိရာဆီပို့လိုက်တယ်။

"ဒါဆိုရင် ဒါတွေအားလုံးက ကြက်ဥတစ်လုံးနဲ့ဂျုံတစ်ထုပ်အတွက်ပဲပေါ့ ဟုတ်လား?ကျွန်တော် ခင်ဗျားကိုဒါတွေကိုလျော်ကြေးအနေနဲ့ပေးလိုက်မယ်။ဒါပေမယ့်အခြေအနေတစ်ခုတော့ရှိတယ်…အခုကစပြီးကျွန်တော်ခင်ဗျားတို့နဲ့အိမ်ခွဲနေမယ်။ခင်ဗျားတို့ဆီကဘာမှမယူဘဲထွက်သွားပေးမယ်။ကျွန်တော့တို့သီးခြားနေကြမယ် တစ်ယောက်နဲ့တစ်ယောက်စီးပွားရေးကိုအနှောင့်မယှက်မပေးကြရအောင်။ကျွန်တော်ကခင်ဗျားတို့မိသားစုဝင်လည်းမဟုတ်တော့သလို သေရေးရှင်ရေးနဲ့ပက်သတ်လို့လည်းကျွန်တော်ကဝင်ပါပေးမှာမဟုတ်ဘူး။ခင်ဗျားပြောခဲ့သလိုဆို ကျွန်တော့ကအိမ်ထောင်ကျပြီးဒီမိသားစုဝင်ထဲဝင်လာခဲ့ပြီးပြီ ဒါတောင်မှ ကျွန်တော်ဘာပဲရရခင်ဗျားကိုပေးရပြီးတော့ ကျွန်တော်စားသောက်တာကျတော့သူခိုးဖြစ်သွားရောတဲ့လား?မေးပါရစေဦး ကျွန်တော့ကိုဒီမိသားစုထဲမှာဘယ်လိုရှင်သန်စေချင်နေတာလဲ?ခင်ဗျားကဒီနေ့ရွာလူကြီးကိုလာကြည့်ဖို့ဖိတ်ထားသေးတယ်။မနက်ဖြန်ဆိုရင် ရွာလူကြီးကိုခင်ဗျားအတွက်တရားမျှတမှုကိုရှာခိုင်းနေဦးမှာလား?ဒီကိစ္စမှာကျွန်တော်အကြံပေးချင်တာတော့ ခင်ဗျားကပွဲဆူအောင်လုပ်ပြီးကျွန်တော့ကိုသေစေချင်နေတာပဲ။ကျွန်တော့မှာမေးစရာတစ်ခုရှိတယ် လူတစ်ယောက်ကအနိုင်ကျင့်ခံ၊ခေါင်းပုံဖြတ်ခံရပြီးသေသွားခဲ့ရင် သူ့ကိုအနိုင်ကျင့်၊ခေါင်းပုံဖြတ်ခဲ့တဲ့သူတွေက ရာဇဝတ်မှုကျူးလွန်ရာရောက်လား?"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now