22.လုမိသားစုကဒရမ်မာခင်းပြန်ပြီ

421 53 0
                                    

ဟမ်!သူ့ဆီကနေ ဒီလိုအခွင့်ကောင်းယူလို့ရမယ်လို့အဖွားလုကထင်နေတာလား?

ကျိရန်ဆိုတဲ့ငါက အရူးမှမဟုတ်တာ!

"အခုချိန်ကစပြီးကျွန်တော်ကကိုယ်ပိုင်ခွဲနေမှာဆိုပေမယ့် ကျွန်တော်ကလုမိသားစုရဲ့မိသားစုဝင်ဖြစ်နေတုန်းပဲ။ခင်ဗျားမှာနေ့တိုင်းကျွေးမွေးရမယ့်မိသားစုကြီးရှိပေမယ့် ခင်ဗျားကျွန်တော့ကိုခင်ဗျားမိသားစုစာရင်းကြီးထဲထည့်မတွက်ဘူးလေ ဟုတ်တယ်မလား?"

ကျိရန်က လှိမ့်တံကိုရင်ဘက်နားမှာကိုင်ရင်း
"ကျွန်တော်က ခင်ဗျားမိသားစုကြီးထဲကတစ်ယောက်ဆိုတော့ ခင်ဗျားတို့နှစ်ယောက်ကိုပြုစုစောင့်ရှောက်ဖို့ကျွန်တော့်မှာတာဝန်ရှိတယ်။ချွေးမတစ်ယောက်အနေနဲ့လုပ်သင့်တာတွေကိုခင်ဗျားကျွန်တော့ကိုလုပ်စေချင်တယ်။ဒါပေမယ့် ခင်ဗျားဘက်ကကျွန်တော့ကို ခင်ဗျားရဲ့မိသားစုဝင်အဖြစ်မမြင်ဘူး။နောက်ပြီးခင်ဗျားက ကျွန်တော့ကိုမိသားစုပိုင်ဆိုင်တဲ့သင့်တင့်တဲ့ဝေစုကိုလည်းခွဲမပေးဘူးလေ။ဒါကအဓိပ္ပာယ်ရှိမနေဘူးနော်!"

"တကယ်ပြောနေတာပေါ့ ယောင်းမ?" လန်ရှင်းလဲ့ကလှောင်ပြောင်လိုက်ပြီး

"ငါတို့မိသားစုရဲ့ငွေရေးကြေးရေးအခြေအနေကိုနင်မသိပေမယ့် ငါတို့နေထိုင်တဲ့ပုံစံကိုကြည့်ပြီးနင်သိနိုင်တယ်မဟုတ်လား။ငါတို့ရတဲ့အစားအသောက်နဲ့ယှဉ်ရင် ကျွေးရမယ့်ပါးစပ်ပေါက်တွေကအမြဲပိုများနေတာပဲလေ။စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာလေ။ဒီမှာ ကလေးတွေကိုကောဗိုက်ကြီးသည်တွေပါ ကျွေးရမှာလေ။ယောက်ျားတစ်ယောက်အနေနဲ့ နင့်ဘက်ကစားစရာနဲနဲလောက်လေးနဲ့ငါတို့ရဲ့ရန်မဖြစ်သင့်ဘူး ဟုတ်တယ်မလား?"

"ခင်ဗျားရဲ့အကျိုးအကြောင်းမသင့်တဲ့စကားတွေနဲ့လာရှင်းပြဖို့မကြိုးစားနဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်!အချိန်ဖြုန်းမနေတော့ဘူး။ခင်ဗျားတို့နှစ်ယောက်ကိုစောင့်ရှောက်စေချင်ရင် ကျွန်တော်ရသင့်ရထိုက်တဲ့မိသားစုအမွေကိုခွဲပေးမှရမယ်။နောက်ပြီးခင်ဗျားမှာလည်းသားသမီးတွေကော မြေးတွေကောအများကြီးရှိနေတာပဲ။သက်ကြီးရွယ်အိုကိုမိဘတွေကိုပြုစုစောင့်ရှောက်ဖို့ကုန်ကျစရိတ်တွေကိုလူတိုင်းပေးသင့်တယ်။ကုန်ကျစရိတ်တွေကိုလူတိုင်းညီတူညီမျှမပေးဘဲ ကျွန်တော်တစ်ယောက်တည်းကပဲပေးဖို့မျှော်လင့်နေရင်တော့ အိပ်မက်သာမက်နေလိုက်ကြ!"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now