30.ခြံကိစ္စ

359 39 2
                                    

အဆော့မက်တဲ့လုဇီချန်က ကျိရန်ကိုပြောခိုင်းတာတွေကိုပြောပေးပြီးနောက် ချက်ချင်းပြေးထွက်သွားတာကြောင့်ကျိရန်ကလုမိသားစုခြံထဲကိုတစ်ယောက်တည်းလာရတော့သည်။ဟုတ်တာပေါ့…သူ့ရဲ့မမြင်ရတဲ့ယောက်ျားလုကျန်းကလည်းသူ့ဘေးနားမှာရှိနေသည်။

ကျိရန်ထင်ထားသည့်အတိုင်းပင် သူရောက်လာတဲ့အခါ လူတိုင်းရှိနေကြသည်။ခေါင်းမှာပတ်တီးပတ်ထားသည့်ချန်ကျင်းပင်လျှင်ထိုနေရာတွင်ရှိနေသည်။ကောင်းဟွေက ကျိရန်ကိုတွေ့ခဲ့နောက်ဆုံးအကြိမ်တုန်းက ဘာအမြတ်မှမရခဲ့တာမို့ အာဃာတထားကာ ဒေါသကိုမနည်းထိန်းနေရသည်။ကျိရန်အခန်းထဲဝင်လာတာမြင်တဲ့အခါ သူမနှလုံးသားကွဲကြေသွားသလိုမျိုး အဝေးကိုလှမ်းကြည့်လိုက်သည်။

နှလုံးသားကွဲကြေ‌တယ်?
ဟ!သိပ်ရယ်စရာကောင်းတာပဲ!

ကျိရန်၏ပါးစပ်ထောင့်လှုပ်သွားသည်။ဒီအမျိုးသမီးကသူမရဲ့အထင်အမြင်သေးတာကိုပြတဲ့ပုံကနဲနဲလွဲနေသလားလို့?ဒါပေမယ့်လည်းသူကစိတ်မဝင်စားဘဲသူ့ရှေ့မှာထိုင်နေတဲ့စုံတွဲအိုကိုကြည့်လိုက်ပြီးနောက် နောက်ဆုံးမှာအဖွားလုကိုစိုက်ကြည့်လိုက်သည်။

"မင်းရဲ့ရန်သူမလှုပ်ရှားခင်ဘယ်တော့မှမလှုပ်ရှားနဲ့"ဆိုတဲ့စကားပုံလိုပဲ ကျိရန်ကဘာမှမပြောဘဲ သူ့အရှေ့ရှိ အဖွားလုကိုစိုက်ကြည့်လိုက်သည်။

နောက်ဆုံးတွင်အဖွားလုကချောင်းဆိုးလိုက်ပြီး
"ကျိရန် မင်းရောက်ပြီလား?လာ…ဒီမှာထိုင် ငါတို့စကားပြောကြရအောင်"

အဖွားလုကသူ့အပေါ်အရမ်းယဉ်ကျေးနေတာလား?တော်တော်ရှားတာပဲ!ကျိရန်ကမျက်ခုံးပင့်ကာ မငြင်းတော့ဘဲ လွတ်နေတဲ့ထိုင်လုံကိုရှာကာထိုင်လိုက်သည်။

"ငါတို့နင့်ကိုဘာလို့တွေ့ချင်တယ်ဆိုတာကို ဇီချန်ပြောခဲ့တယ်မဟုတ်လား?"

"ကျွန်တော်တို့နောက်ဆုံးပြောခဲ့တဲ့ကိစ္စမဟုတ်လား?"

"မှန်တယ်" အဘွားလုက ခေါင်းညိတ်သည်။

"အဲ့တာနဲ့ပက်သတ်ပြီးပြောရရင်ငါတို့နင့်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။နင်လည်းမိသားစုရဲ့အမွေကိုမျှမျှတတရမှာပါ။နင်ကဒီမှာလူသစ်ဆိုတော့ နင်မသိတဲ့ဟာတွေရှိသေးတယ်။ငါတို့အိမ်ကချဲ့ထားတာလေ။လုကျန်းအသက်ရှင်တုန်းပဒီလောက်ထိမကြီးဘူး။အရင်တုန်းကငါတို့မှာဒီလိုတစ်ခြံစီနေကြတာ်ဟုတ်ဘဲ ခြံတစ်ခြံတည်းမှာပဲစုနေခဲ့ကြတာ။လုကျန်းကငယ်ငယ်လေးကတည်းကတအား ခေါင်းမာတာ။ငါကသူ့အဖေရဲ့ဒုတိယမိန်းမဆိုတော့ သယကငါနဲ့ငါ့ကလေးတွေကိုဆိုမတူသလိုမတန်သလိုနဲ့လေ။သူကငါတို့နဲ့အတူမနေချင်တာနဲ့သယ့အဖေကလည်းသူ့ကိုဝက်ခြံဘေးနားကအမိုးအကာအောက်မှာနေခွင့်ပြုလိုက်တယ်။နောက်တော့အိမ်ကထွက်သွားပြီးပြန်မလာတော့ဘူး။အမိုးအကာကလည်းအရင်ကတည်းကလစ်လပ်နေတယ်။မင်းအခုနေတဲ့ခြံကချန်ကျင်းကမြို့ပေါ်မှာနှစ်ရှည်လများအလုပ်လုပ်ပြီးရလာတဲ့ပိုက်ဆံနဲ့ဆောက်ထားတာ။သူ့သားကြီးလုဇီမင်လက်ထပ်ရင်ပေးဖို့ရည်ရွယ်ထားတာလေ။ဒါပေမယ့်ချန်ကန်းကလည်းခြံကိုဆောက်တုန်းကကူညီခဲ့တာမို့ သူတို့နှစ်ယောက်လုံးကသူတို့နဲ့ဆိုင်တယ်ဆိုပြီးငြင်းခုန်ကြတယ်လေ။အဲ့ဒါကြောင့်ပဲခြံကလွတ်နေတော့တာ။"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now