29.ကိုယ်လက်နှီးနှောတာက အိမ်ထောင်ရေးကိုပိုကောင်းစေတယ်

604 41 1
                                    

ကျိရန်ကမြေနေရာဝယ်ခဲ့ပြီးသော်လည်း ထိုနေရာမှာ အိမ်ဆောက်ဖို့အလျင်စလိုမရှိခဲ့ပေ။အိမ်တစ်လုံးကိုတစ်ရက်တည်းဆောက်နိုင်တာမှမဟုတ်ဘဲ။ဒါကြောင့်အတတ်နိုင်ဆုံးသက်တောင့်သက်သာဖြစ်အောင် ဂရုတစိုက်နဲ့အိမ်ရဲ့ဒီဇိုင်းကိုဆွဲဖို့လိုသည်။ထို့ကြောင့်ကျိရန်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေက အများကြီးပြောင်းလဲသွားတာမျိုးတော့မရှိဘူး။နံနက်တိုင်း ဟင်းသီးဟင်းရွက်ခူးဖို့ ဒါမှမဟုတ် အမဲလိုက်ဖို့တောင်ပေါ်ကိုတက်သည်။ပြီးရင်မြို့ထဲသွားပြီးရောင်းသည်။သူအားတဲ့အချိန်တွေမှာ အခန်းထဲမှာနေပြီး အဝတ်စအကြမ်းအပေါ်မှာမီးသွေးနဲ့အိမ်ပုံအကြမ်းဆွဲနေတတ်သည်။

သူကဗိသုကာပညာရပ်ယူခဲ့တာမဟုတ်လို့ ဒီကိစ္စမှာတော့လူပြိန်းတစ်ယောက်ပင်။သူဆွဲတာတွေက အကြမ်းထည်တွေသာဖြစ်ပြီး နောက်ဆုံးဆုံးဖြတ်ချက်မချခင် ကျွမ်းကျင်တဲ့လက်သမားဆရာနဲ့ဆွေးနွေးဖို့လိုအပ်နေသေးသည်။

ကျိရန်က ပုံထိုင်ဆွဲနေချိန်တိုင်းလုကျန်း‌ကဘေးနားမှတိတ်တိတ်လေးထိုင်နေတတ်သည်။ဘာအသံမှမထွက်လို့ သူမရှိဘူး‌လို့တောင်ထင်ရသည်။ကျိရန်ကသူ့အကြောင်းတွေးမိပြီးမော့ကြည့်လိုက်တာမျိုး၊ဒါမှမဟုတ် ကျိရန်ကလုကျန်းကိုမေးဖို့မေးခွန်းတွေရှိလာမှသာ ကျိရန်ကသူတစ်ယောက်တည်းမဟုတ်ဘဲလုကျန်းပါရှိတယ်ဆိုတာကို ပြန်သတိရသွားတော့သည်။

"ကျွန်တော်တို့အအေးခန်းတစ်ခုထားမယ်။ဆောင်းရာသီမှာ ရေခဲတွေကိုအဲ့ထဲမှာသိမ်းထားပြီး နွေရာသီကျရင်သုံးအဲ့ဒါကိုသုံးနိုင်မယ်။ဪ…ကြမ်းပြင်အပူပေးတဲ့ဟာလည်းလိုသေးတယ် မဟုတ်လို့ရှိရင်ဆောင်းတွင်းမှာ ချမ်းနေလိမ့်မယ်။"
ကျိရန်ကရေရွတ်နေ‌သော်လည်း သူ့လက်ထဲမှာမီးသွေးကိုင်ထားပြီး အအေးခန်းနဲ့အပူပေးတဲ့ဟာကိုဘယ်လိုဒီဇိုင်းဆွဲရမလဲမသိချေ။

ကျိရန်ပြဿနာရှိနေမှန်းလုကျန်းသိသည်။သူကပြုံးလိုက်ပြီး
"ဘေးနားမှာမှတ်စုတစ်ခုရေးလိုက်ပေါ့ လက်သမားကဒါကိုမြင်ရင် ဘယ်လိုစီစဉ်ရမလဲသိလိမ့်မယ်"

"ဟုတ်သားပဲ!"ကျိရန်ဝမ်းသာသွားသည်။
"ဒါကိုဘာလို့မတွေးမိပါလိမ့်!"

ဝိဉာဏ်ကူးပြောင်းပြီးနောက်သရဲခင်ပွန်းနဲ့အတူရှင်သန်နေထိုင်ခြင်း[မြန်မာဘာသာပြန်]Where stories live. Discover now